11.1.14

သမ္မတနှင့် ရုပ်ရှင်မင်းသမီးတို့၏ အချစ်ဇာတ်လမ်းကို ပြင်သစ်မဂ္ဂဇင်း ဖွင့်ချ

အပတ်စဉ်ထုတ် အတင်းအဖျင်း မဂ္ဂဇင်း၏ သောကြာနေ့ထုတ်တွင် အသက် ၅၉ နှစ်အရွယ် ဟော်လန်ဒီနှင့်
မင်းသမီးဂေယက်တို့၏ အချစ်ဇာတ်လမ်း ဆက်ဆံရေးအား အထူးကဏ္ဍအဖြစ် ဓာတ်ပုံများနှင့်တကွ စာမျက်နှာ ၇ မျက်နှာ ထည့်သွင်းဖော်ပြထားကြောင်း သိရ

ပြင်သစ်သမ္မတ ဖရန်ကွိုင်စ် ဟော်လန်ဒီနှင့် မင်းသမီး ဂျူလီယာ ဂေယက်တို့ အချစ်ဇာတ်လမ်းရှိနေခဲ့ကြောင်းကို ပြင်သစ်မဂ္ဂဇင်း Closer က ဖွင့်ချလိုက်သည်။ လပေါင်းအတန်ကြာက ဓာတ်ပုံဆရာများကြား ပျံ့နှံ့နေသည့် သမ္မတဟော်လန်ဒီနှင့် မင်းသမီးဂေယက်တို့၏ အချစ်ဇာတ်လမ်း ကောလဟာလကို Closer က ဆက်လက် ဖော်ထုတ်လိုက်ခြင်းလည်းဖြစ်သည်။ အပတ်စဉ်ထုတ် အတင်းအဖျင်း မဂ္ဂဇင်း၏ သောကြာနေ့ထုတ်တွင် အသက် ၅၉ နှစ်အရွယ် ဟော်လန်ဒီနှင့် မင်းသမီးဂေယက်တို့၏ အချစ်ဇာတ်လမ်း ဆက်ဆံရေးအား အထူးကဏ္ဍအဖြစ် ဓာတ်ပုံများနှင့်တကွ စာမျက်နှာ ၇ မျက်နှာ ထည့်သွင်းဖော်ပြထားကြောင်း သိရသည်။

Closer တွင် ဖော်ပြထားမှုအရ သမ္မတဟော်လန်ဒီသည် ပဲရစ်တွင် ညပိုင်းအချိန်များ၌ စကူတာမော်တော်ဆိုင်ကယ်စီး၍ အသက် ၄၁ နှစ်အရွယ် မင်းသမီး၏နေအိမ်သို့ သွားရောက်နေထိုင်လေ့ရှိကြောင်း သိရသည်။ နှစ်သစ်ကူးကာလဝန်းကျင် ရက်တစ်ရက်တွင် ဆိုင်ကယ်စီးဦးထုပ် ဆောင်းထားသူတစ်ဦးအား မင်းသမီးဂေယက်၏ နေအိမ်တွင် ရှိနေသည်ကိုတွေ့ခဲ့ရကြောင်းနှင့် ညဘက်တွင် ၎င်းတို့နှစ်ဦး အတူနေထိုင်ခဲ့ကြကြောင်း Closer တွင် ရေးသားထားပြီး မျက်နှာဖုံးတွင် သမ္မတဟော်လန်ဒီ၏ အနည်းငယ်မှုန်ဝါးထားသည့် ပုံကို ဖော်ပြထားသည်။ ပြင်သစ်သမ္မတရုံးကမူ ယခုသတင်းနှင့်ပတ်သက်၍ မှတ်ချက်တစ်စုံတစ်ရာပေးရန် AFP ၏ မေးမြန်းမှုကို ချက်ချင်းမတုံ့ပြန်သေးချေ။

ပြင်သစ်နိုင်ငံမှ စာဖတ်ပရိသတ်များ လေးစားကြသည့် အပတ်စဉ်ထုတ် သတင်းမဂ္ဂဇင်း L'Express ကလည်း ပြီးခဲသည့် လအတွင်း သမ္မတနန်းတော်လုံခြုံရေးတာဝန်ရှိသူများ အနေဖြင့် ဟော်လန်ဒီ၏ စွန့်စွန့်စားစား လှုပ်ရှားသွားလာမှုများအပေါ် စိုးရိမ်လျက်ရှိကြောင်း ဖော်ပြခဲ့သည်။ Closer မဂ္ဂဇင်းကလည်း နိုင်ငံ့ခေါင်းဆောင်တစ်ဦး အနေဖြင့် ညပိုင်းအချိန်များတွင် သက်တော်စောင့်တစ်ဦးတည်း လိုက်ပါကာ မင်းသမီးဂေယက်၏အိမ်သို့ သွားရောက်နေမှုမှာ လုံခြုံရေးအရ စိုးရိမ်ဖွယ်ရာဖြစ်ကြောင်း ရေးသားသည်။

သမ္မတဟော်လန်ဒီသည် လက်ရှိအချိန်တွင် ၎င်း၏လက်တွဲဖော် ဗဲလာရီ ထရီဝီလာနှင့်အတူ နေထိုင်လျက်ရှိပြီး သားသမီး ၄ ဦးရှိသည်။ ကလေးနှစ်ဦး မိခင်ဖြစ်သူ မင်းသမီးဂေယက်သည် ၂၀၁၂ ခုနှစ်တွင် သမ္မတဟော်လန်ဒီ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်စဉ်က မဲဆွယ်စည်းရုံးမှုများအတွက် ကူညီပေးခဲ့သူတစ်ဦးဖြစ်သည်။ သူမသည် ပြင်သစ် ရုပ်မြင်သံကြားနှင့် ရုပ်ရှင်ဇာတ်ကားများတွင် ပရိသတ်အသိများသည့် မင်းသမီးတစ်ဦးဖြစ်ပြီး ရုပ်ရှင်ဇာတ်ကားပေါင်း ၅၀ ကျော်တွင် ပါဝင်သရုပ်ဆောင်ထားသည်။

Planet Myanmar Network

0 comments:

Post a Comment