11.1.14

ကလေးမြို့တွင် ကျပ် ၁၁၂၆ သိန်း တန်ဖိုးရှိ စိတ်ကြွဆေးပြားများ ဖမ်းမိ

စစ်ကိုင်း တိုင်းဒေသကြီး ကလေး ခရိုင် ထ/နမှ တပ်ကြပ်ထွန်းလွင်နှင့် အဖွဲ့က စမ်းမြို့ နယ်မြေမှူး၊ ချမ်းမြေ့အောင် စည် ရပ်ကွက် နယ်မြေမှူးတို့နှင့်အတူ ပျဉ်းခုံ ကြီးကျေးရွာ
မလာလ်နဲတိန် ၏ နေအိမ်အတွင်း ၀င်ရောက်ရှာ ဖွေရာ မူးယစ်ဆေးဝါးများနှင့် ဆက်စပ် တရားခံများကို မူးယစ် ဆေးဝါးများနှင့်အတူ ဇန်န၀ါရီ ၈ရက် မွန်းတည့် ၁၂နာရီက ဖမ်း ဆီးရရှိခဲ့ကြောင်း သိရသည်။

သတင်းအရ ရှာဖွေခဲ့သည့် မလာလ်နဲတိန်၏ နေအိမ်တွင် ခရစ်ရိုဆန်း အား တွေ့ရှိခဲ့ရပြီး နေအိမ်အိပ်ခန်းအတွင်း၌ အ ဖြူရောင်ဆာလာ အိတ်နှင့်ထည့် ထားသော မူးယစ်ဆေးဝါးဆူဒို အက်ဖီဒရင်းဆေးပြား တစ်ပြား လျှင် သုညဒသမ တစ်ဂရမ်ရှိ ဆေးပြား ၃၂၁၄၀၀၊ ၃၂ဒသမ ၁၄ကီလိုအိတ် တစ်အိတ်၊ ဆေး ပြား ၃၂၃၄၀၀၊ ၃၂ဒသမ ၃၄ ကီလိုရှိ ဆာလာအိတ်တစ်အိတ်၊ ဆေးပြား ၃၁၇၀၀၀၊ ၃၁ဒသမ ၇ကီလိုရှိ ဆာလာအိတ် တစ် အိတ်၊ ဆေးပြား ၂၅၄၈၀၀၊ ၂၅ ဒသမ ၄၈ကီလိုရှိ အ၀ါရောင် ဆာလာအိတ်နှင့် ထည့်ထား သောအိတ် တစ်အိတ်၊ ဆေး ပြား စုစုပေါင်း ၁၁၂၆၆၀၀၊ စုစုပေါင်း ၁၁၂ဒသမ ၆၆ကီလို၊ စုစုပေါင်းကာလတန်ဖိုး ကျပ် သိန်း ၁၁၂၆၆၀၀၀၀ရှိ မူးယစ် ဆေးတို့အား ဖမ်းဆီးရမိခဲ့သည်။

ထိုဖမ်းမိသည့် မူးယစ်ဆေး နှင့်ပတ် သက်၍ စစ်ဆေးမေး မြန်းခဲ့ရာ လက်ပံချောင်း ရွာနေ ပါကျဲခေါ် ဆလိုင်းမန်းသင်ထန်း ဆိုသူမှ အနက်ရောင်ဇိမ်ခံကား ဖြင့် လာရောက်ပို့ဆောင်ခဲ့ပြီး အခကြေးငွေ ကျပ်တစ်သိန်းပေး ခဲ့ကြောင်း သိရသည်။

ထို့နောက် သက်ဆိုင်ရာ ပြည်သူ့ရဲတပ်ဖွဲ့များမှ လက်ပံ ချောင်းကျေးရွာ ဆလိုင်းမန်းသင် ထန်းနေအိမ်သို့ သက်သေများ ဖြင့် ၀င်ရောက်ရှာဖွေခဲ့ရာ ဆ လိုင်းမန်းသင်ထန်းမှာ ထွက်ပြေး လွတ်မြောက်ခဲ့ပြီး ဇနီးမထန်ပါး အား တွေ့ရှိကာ ဆေးပြားရောင်း ၀ယ်ရာတွင် အသုံးပြုခဲ့သောငွေ ကျပ် သိန်း ၄၀၀၊ ဆပ်ဖ်ကား တစ်စီးတို့ကို ဇနီးမထန်ပါးပြော ပြချက်အရ သိမ်းဆည်းရမိခဲ့ သည်။

ယခုအခါ ဆူဒိုအက်ဖီဒ ရင်းဆေးပြားများ သယ်ဆောင် ရောင်းချရန် လက်ဝယ်ထားရှိ သော မလာလ်နဲတိန် အသက် ၄၈နှစ် ပျဉ်းခုံကြီးရွာ၊ ခရိုဆန်း အသက် ၂၀နှစ် ပျဉ်းခုံကြီးရွာ၊ မထန်ပါး အသက် ၃၄နှစ် လက် ပံချောင်းကျေးရွာ၊ ထွက်ပြေး တိမ်းရှောင်နေသူ ဆလိုင်းမန်း သင်ထန်း အသက် ၄၄နှစ် လက် ပံချောင်းကျေးရွာတို့အား က လေး ပြည်သူ့ရဲစခန်းမှ (ပ)နံ ပါတ် မယ(ပ)၄/၂၀၁၄၊ မူးစိတ် ပုဒ်မ ၁၅/၁၆(ခ)/၂၀(က)/ ၂၁ဖြင့် ဆက်လက်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိ ရသည်။

Yangon Media Group

0 comments:

Post a Comment