15.1.14

“ဓမ္မကို ဖြန့်ဝေပါ”

အများအကျိုး ရွက်ဆောင်သယ်ပိုးခြင်းသည်
ဓမ္မလမ်းကြောင်းအတိုင်း လျှောက်လှမ်းခြင်း ဖြစ်သည်။

အများအကျိုး ရွက်ဆောင်သယ်ပိုးရာ၌ အများ၏
လိုအပ်ချက်ကို ဖြည့်တင်းခြင်းသည် မွန်မြတ်၏။

★ ထိုတွင် ဓမ္မကို ဖြန့်ဝေပေးလှူခြင်းက
ထိုထက် ပို၍မွန်မြတ်သည်။

အများကို ကြင်နာထားကာ ယဉ်ကျေးပျူငှါစွာ
ဆက်ဆံပြောဆိုခြင်းသည် မွန်မြတ်၏။
★ ထိုတွင် ဓမ္မကို ရှင်းပြပြောဆိုခြင်းက
ထိုထက် ပို၍မွန်မြတ်၏။

အများအတွက် ကောင်းကျိုးချမ်းသာဖြစ်ထွန်းအောင်
ဆောင်ရွက်ပေးခြင်းသည် မွန်မြတ်၏။

★ ထိုတွင် ကိုယ်ကျင့်တရား မြင့်မားအောင်၊ အသိဉာဏ်ဖွံ့ဖြိုးအောင်
ဆောင်ရွက်ပေးခြင်းက ထိုထက် ပို၍မွန်မြတ်သည်။

(ဘဒ္ဒန္တဒေါက်တာနန္ဒမာလာဆရာတော်ကြီး)
(ကိုလှိုင်တိုးထံမှ ကူးယူမျှဝေပါသည်)

နှလုံးသားအာဟာရ

0 comments:

Post a Comment