7.1.14

ဗြိတိန်မှာ အိပ်နေတုန်း iPhone Charger ပေါက်ကွဲမှု ဖြစ်ခဲ့

Donna Senior လို့အမည်ရတဲ့ အမျိုးသမီးဟာ ဗြိတိန်နိုင်ငံ၊ Yorkshire မှာ နေထိုင်ပြီး နီးစပ်ရာ ဖုန်းဆိုင်တစ်ခုကနေ iPhone Charger ဝယ်ပါတယ်။ Apple က Officially ထုတ်လုပ်ထားတဲ့ အားသွင်း တုံးတော့ မဟုတ်ပါဘူး။ Revive A1299 USB Charger ဖြစ်ပါတယ်။


The Phone Shop လို့အမည်ရတဲ့ ဆိုင်ကနေ ဝယ်တာ ဖြစ်ပါတယ်။ ဝယ်ပြီး ရက်သိပ်မကြာခင်မှာပဲ စတင် ဖြစ်တာ ဖြစ်ပါတယ်။ ညဘက်မှာ ဆော့ကတ်ထဲ ထိုးထားတဲ့ သုံးပေါက်ထိုး Charger က ရုတ်တရက်ထပေါက်ပြီး အနီးမှာ ရှိနေတဲ့ ငါးပတ်သား ကလေးငယ်ရဲ့  အိပ်တန်းစင်ခြင်းကို ထိသွား ပါတယ်။

ရုတ်တရက်ကလေးလန့်နိုးပြီး ကျယ်လောင်တဲ့ အသံနဲ့ မီးတစ်ချက် ပွင့်သွားတာကြောင့် တစ်အိမ်လုံး နိုးသွား ပါတယ်။ ကြည့်လိုက်တော့ ဆော့ကတ်ထဲမှာ မီးလောင်ထားလို့ ပျက်စီးနေတာ တွေ့ရပြီး လွတ်ထွက်သွားတဲ့ Charger အစိတ်အပိုင်းကိုလည်း သွားတွေ့ ပါတယ်။

ဒီတော့ ဘယ်သူ့ကိုမှ ထိခိုက်ဒဏ် တစ်စုံတစ်ရာမှတော့ မဖြစ်စေခဲ့ ပါဘူး။ သို့ပေမယ့် မီးလောင်လို့ အသက်ဘေးရောက်ဖို့ အနည်းငယ်သာ လိုတော့တဲ့ အနေအထား တစ်ခု ဖြစ်ပါတယ်။

ဒါနဲ့ The Phone Shop ကို သွားလို့ ရှင်းပြတော့ ပစ္စည်းကို စမ်းသပ်ပြီးမှ တင်ထားခြင်း ဖြစ်ကြောင်း၊ ငွေပြန်မအန်းနိုင်ကြောင်း ပြောတော့ Donna က ရဲစခန်းတိုင်ခဲ့ ပါတယ်။ ဒီတော့ အမှုက ဘယ်လိုဆက်ဖြစ်မလဲ မသိပါဘူး။

ရရှိတဲ့ သင်ခန်းစာကတော့ ညအိပ်နေတုန်း ဖုန်းအားသွင်းတာ ကို ရှောင်ကြဉ် ဖို့၊ ဖုန်းအားမသွင်းရင်တောင် အားသွင်း Charger ကို အလွတ်တပ်ဆင်ထားတာတို့၊ မီးခလုတ်ကို ဖွင့်ထားတာတို့၊ ယုံကြည်စိတ်ချရ တဲ့ ပစ္စည်းကိုသာ အသုံးပြုစေဖို့ တို့ ဖြစ်ပါတယ်။
.
Ref: dailymail
အောင်ခမ်း ( ရိုးရာလေး )

0 comments:

Post a Comment