20.10.14

သိမ်းပိုက်ထားသော ဒုံးကျည်ဖြင့် ယူကရိန်းသူပုန်များက MH 17 ခရီးသည်တင်လေယာဉ်ကို ပစ်ချခဲ့သည်ဟု ဂျာမနီ ထောက်လှမ်းရေးအဖွဲ့ ထုတ်ပြန်


နယ်သာလန်နိုင်ငံ အမ်စတာဒမ်မြို့မှ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့သို့ ဇူလိုင် ၁၇ ရက်က ထွက်ခွာ လာသော မလေး ရှားလေကြောင်းလိုင်း၏ ခရီးသည်တင် MH17 လေယာဉ်အား ယူကရိန်းသူပုန်တို့က သိမ်းပိုက်ထားသည့် ဒုံးကျည်ဖြင့် ပစ်ချခဲ့ခြင်းဖြစ်ကြောင်း ဂျာမန်ထောက်လှမ်းရေးဌာနက အောက်တိုဘာ ၁၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။

အဆိုပါလေယာဉ်သည် ရုရှားတို့က ထောက်ပံ့ခဲ့သည့် မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်ဖြင့် သူပုန်များက ပစ်ချခဲ့ခြင်းဖြစ်ကြောင်း ယူကရိန်း အစိုးရနှင့်အနောက်နိုင်ငံများက စွပ်စွဲပြောကြားခဲ့သော်လည်း ရုရှားအစိုးရက ငြင်းဆိုခဲ့သည်။

ဂျာမန်ပြည်ပထောက်လှမ်းရေးဌာန BND အကြီးအကဲ ဂါးဟဒ်ရှင်ဒယ်လာက မိမိတို့တွေ့ရှိရသော ထောက်လှမ်းရေးအချက်အလက်များအရ အဆိုပါလေယာဉ်အား သူပုန်တို့က ယူကရိန်းအစိုးရ စစ် အခြေစိုက်စခန်းတစ်ခုမှ သိမ်းဆည်းခဲ့သော BUK စနစ်သုံး ဒုံးကျည်ဖြင့် ပစ်ခတ် ခဲ့ခြင်းဖြစ်ကြောင်း Spiegel မဂ္ဂဇင်းတွင် ဖော်ပြခဲ့သည်။

ရုရှားတို့၏ ပြောကြားချက်တွင် ယူကရိန်းတိုက်လေယာဉ်တစ်စင်းက အဆိုပါ လေယာဉ်အနီးသို့ အနီးကပ်ပျံသန်းပြီး ပစ်ချခဲ့ခြင်းဖြစ် သည်ဟု ဖော်ပြချက်သည် မှားယွင်းကြောင်း အောက်တိုဘာ ၂၀ ရက်က ထွက်ရှိခဲ့သည့် အဆိုပါ မဂ္ဂဇင်းတွင် ဖော်ပြထားသည်။

အဆိုပါ လေယာဉ်ပျက်ကျမှုကြောင့် လေယာဉ်ပေါ်တွင် လိုက်ပါလာသူ ၂၉၈ ဦးစလုံး သေဆုံးခဲ့သည်။

Ref:AFP

0 comments:

Post a Comment