13.11.14

မလေးရှားတွင် မြန်မာအလုပ်သမားတစ်ဦးထပ်မံအသတ်ခံရ၊ ၂ဝ၁၄ ခုနှစ်အတွင်း အသတ်ခံရသူ မြန်မာ ၂ဝ ဦးခန့်ရှိ

မလေးရှား နိုင်ငံ ပီနန်တွင် မြန်မာအလုပ်သမား တစ်ဦး နိုဝင်ဘာ ၁ဝရက်က ထပ်မံ အသတ်ခံခဲ့ရကြောင်း မလေးရှား မီဒီယာများတွင် ဖော်ပြချက်အရသိရ သည်။
သေဆုံးသူအား ဘတ်တာဝေါ့ တာဆစ်ဂူးလေမြို့အနီးရှိ ဆီအုန်း စိုက်ခင်းတွင် တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး ဆောက်လုပ်ရေး လုပ်ငန်းခွင်တွင် လုပ်ကိုင်နေသည့် အသက် ၃၄နှစ် ရှိသူအမျိုးသားတစ်ဦးဖြစ်ကြောင်း သိရသည်။
သေဆုံးသူမှာ လည်ပင်းပြတ် ရှဒဏ်ရာ၊ ဝမ်းဗိုက်၊ ရင်ညွန့်၊ တင် ပါးများတွင်လည်း ဓားထိုးသွင်းဒဏ် ရာများ ရရှိထားကြောင်း အဆိုပါသ တင်းဌာနများတွင် ဖော်ပြထားသည်။
ယခုအသတ်ခံရသည့် ဖြစ်စဉ် အပါအဝင် မလေးရှားတွင် မြန်မာ နိုင်ငံသားများ အသတ်ခံရသူများ မှာ ၂ဝ၁၄ခုနှစ် တစ်နှစ်အတွင်း ၂ဝဦး ခန့်ရှိပြီဖြစ်ကြောင်း သိရသည်။
မလေးရှားနိုင်ငံရောက်မြန်မာ အလုပ်သမားများ အကြမ်းဖက်သတ် ဖြတ်ခံရမှုနှင့် ပတ်သက်ပြီး မည်သို့ ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ ကြောင်း လွှတ်တော် ကိုယ်စားလှယ် တစ်ဦးမှ စက်တင်ဘာအတွင်းလွှတ် တော်တွင် မေးမြန်းခဲ့သည်။
မြန်မာနိုင်ငံ အမျိုးသားလွှတ် တော်ကိုယ်စားလှယ် ဒေါက်တာအေး မောင်နှင့် အဖွဲ့ဖေဖော်ဝါရီအတွင်း က မလေးရှားနိုင်ငံသို့ သွားရောက် စဉ် လုပ်ကြံခံခဲ့ရသည်။
မလေးရှားရောက် မြန်မာနိုင်ငံ သားများ အကြမ်းဖက်သတ်ဖြတ်ခံ ရမှုနှင့် ပတ်သက်ပြီး မလေးရှား လွှတ် တော်ဥက္ကဋ္ဌထံသို့ စာရေးသားတောင်း ဆိုသွားမည်ဖြစ်ကြောင်း အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ပြောကြားထားသည်။
အမျိုးသားလွှတ်တော်လွှတ် တော် အခွင့်အရေးကော်မတီက မလေးရှားနိုင်ငံရှိ မြန်မာနိုင်ငံသား များ အကြမ်းဖက်သတ်ဖြတ်ခံရမှု များသည် မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့ သည့် ပဋိပက္ခများနှင့် ဆက်နွှယ်သည် ဟူသည့် အချက်သည် ခိုင်လုံမှုမရှိ ကြောင်း အဆိုပါ ကော်မတီအစီရင် ခံစာတွင် ဖော်ပြထားသည်။
၂ဝ၁၄ ခုနှစ်တွင် မလေးရှား နိုင် ငံရှိ မြန်မာနိုင်ငံသားများအား အ သတ်ခံရမှု ဖြစ်စဉ်များ မကြာခဏ ဖြစ်ပွားခဲ့ပြီး ၂ဝ၁၄ခုနှစ် တစ်နှစ် အတွင်းအသတ်ခံရသူ ၂ဝဦးရှိနေပြီ ဖြစ်သည်။

‎Democrcytoday‬

0 comments:

Post a Comment