7.11.14

သမ္မတ အိုဘားမား အီရန်ဘာသာရေးခေါင်းဆောင်ကို လျှို့ဝှက်စာပေးပို့


အမေရိကန်သမ္မတ အိုဘားမားက အီရန်ထိပ်တန်းဘာသာရေးခေါင်းဆောင် Ayatollah Ali Khamenei ကို လျှို့ဝှက်စာရေးသားပေးပို့ခဲ့တယ်လို့ အမေရိကန်သတင်းစာ Wall Street Journal မှာ မနေ့က ရေးသားဖော်ပြခဲ့ပါတယ်။

ran's Supreme Leader Ayatollah Ali Khameneiအီရန်နဲ့ အမေရိကန်နိုင်ငံတို့ဟာ အိုင်အက်စ်အကြမ်းဖက်စစ်ဆင်ရေးမှာ နှစ်နိုင်ငံ ရပ်တည်ချက်တူညီတယ်လို့ သမ္မတ အိုဘားမားက ရေးသားပါတယ်။

နိုဝင်ဘာလ ၂၄ ရက်နေ့ နျူကလီးယားဆွေးနွေးပွဲ နောက်ဆုံးရက်မတိုင်ခင် နျူကလီးယား သဘောတူညီမှုရရှိဖို့အတွက်လည်း အီရန်ခေါင်းဆောင်ကြီးကို တိုက်တွန်းထား ပါတယ်။

အိုင်အက်စ်အကြမ်းဖက်စစ်ဆင်ရေး ပူးပေါင်းဆောင်ရွက်မှု မှန်သမျှဟာ အီရန်နျူကလီးယား သဘောတူညီမှုပေါ် မူတည်တယ်လို့ သမ္မတ အိုဘားမားက ထည့်သွင်းရေးသား ထားပါတယ်။

သမ္မတရဲ့ ပုဂ္ဂိုလ်ရေး ဆက်သွယ်ရေးသားမှုဖြစ်လို့ ဒီစာနဲ့ပတ်သက်ပြီး တစုံတရာပြောဆိုဖို့ အိမ်ဖြူတော်က  ငြင်းဆန်ပါတယ်။

ဒီစာဟာ သမ္မတရဲ့ ၄ ကြိမ်မြောက် ရေးသားတဲ့စာဖြစ်ပြီး ပြီးခဲ့တဲ့လလယ်က ရေးသားပေးပို့ ခဲ့တာပါ။

သမ္မတအိုဘားမား စာတွေ ရေးသားပေးပို့တာကို အမေရိကန်ရဲ့ အနီးကပ်မဟာမိတ်တွေ၊ လွှတ်တော်အမတ်တွေနဲ့ ထိပ်တန်းခေါင်းဆောင်တိုင်းတောင် သိရှိခြင်း မရှိပါဘူး။

လာမယ့် နိုဝင်ဘာ ၈ ရက်နေ့နဲ့ ၉ ရက်နေ့တွေမှာလည်း အမေရိကန်နဲ့ အီရန်နိုင်ငံခြားရေးဝန်ကြီးတို့ အိုမန်နိုင်ငံမှာ တွေ့ဆုံဖို့ ရှိပါတယ်။

DVB

0 comments:

Post a Comment