ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားတဲ့ ဆန္ဒပြသူတွေက ထီးတွေ ကိုင်ဆောင်ပြီး ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး လှုပ်ရှားမှု အဖြစ် အစိုးရဌာနချုပ်ကို ၀ိုင်းဖို့ ကြိုးစားခဲ့တဲ့ ဖြစ်ရပ် မအောင်မြင်ဖြစ်ခဲ့ပြီးတဲ့နောက် အခုလို ကြေညာလိုက်တာ ဖြစ်ပါတယ်။
ရွေးကောက်ပွဲဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေနဲ့ပတ်သက်ပြီး မြို့တော်ဝန်က ပြန်လည် မဆွေးနွေးသရွေး အစားစားမှာ မဟုတ်ဘူးလို့ ပြောပါတယ်။
အသက် ၁၈ နှစ်အရွယ် ဝေါင်နဲ့ အတူ အမျိုးသမီး ၂ ဦးလည်း အစာငတ်ခံဆန္ဒပြသွားမယ်လို့ ပြောပါတယ်။
အစိုးရ အဆောက်အအုံက ယာယီပိတ်ခဲ့ရပြီး ဘီဂျင်းက ကျောထောက်နောက်ခံပြုထားတဲ့ ဟောင်ကောင်မြို့တော် အကြီးအကဲက လူထုရဲ့ စိတ်ရှည်သည်းခံမှု လျော့နည်းလာပြီဖြစ်သလို ဥပဒေစိုးမိုးဖို့ ရဲတွေက ပြတ်ပြတ်သားသား လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။
DVB
0 comments:
Post a Comment