2.12.14

အမေရိကန်ရီပတ်ဘလီကန်လွှတ်တော်အမတ်၏ လက်ထောက်က အိုဘားမား၏ သမီးနှစ်ဦးကို ရှုတ်ချသောစာများ Facebook တွင်ရေးခဲ့

အမေရိကန် လွှတ်တော်အမတ် ၏ဆက်သွယ်ရေးဒါရိုက်တာသည် အမေရိကန်သမ္မတ ဘားရက်အို ဘားမား၏ သမီးများနှင့် ပတ်သက် ပြီး သူမ၏ Facebook တွင် ရှုတ်ချ ပြောဆိုခဲ့ပြီးနောက် ရာထူးမှဖြုတ်ချ ခံရဖွယ်ရှိနိုင်ကြောင်း The Straits Times သတင်းများကဆိုသည်။

ရီပတ်ဘလီကန် လွှတ်တော် အမတ် စတီဖင်ဖင်ချာ၏ ပြောရေး ဆိုခွင့်ရှိသူ မစ္စအဲလီဇဘက်လူတန် သည် အိုဘားမား၏ သမီးများဖြစ် သော မာလီယာနှင့် ဆာရှာအိုဘား မားတို့ ဖခင်နှင့်အတူ အခမ်းအနား တစ်ခုသို့ တက်ရောက်ချိန်တွင် ပျင်း နေပုံရကြောင်း၊ သူမ၏ Facebook တွင်ရေးသားခဲ့သည်။

ကျေးဇူးတော်နေ့ အခမ်းအနား သို့ တက်ရောက်စဉ် သူမတို့၏ ပုံစံ မှာ အလွန်ပျင်းရိနေကြပုံရကြောင်း ရေးသားထားသည်။

''မင်းတို့ရဲ့ မိဖတွေကလဲ သူ တို့ရဲ့နေရာ သို့မဟုတ် နိုင်ငံတစ် နိုင်ငံရဲ့ ဒီလိုအခမ်းအနားကို လေး စားပုံမရဘူး။ ငါခန့်မှန်းရသလောက် တော့ မင်းတို့ဟာ စံပြတွေဖြစ်လာ ခြေနည်းတယ်''ဟုလည်း Facebook တွင်ရေးသားထားခဲ့သည်။

Ref:The Straits Times

0 comments:

Post a Comment