2.12.14

ရုရှားအထူးတပ်ဖွဲ့ဝင်များ ဒန်ညက်လေဆိပ်ကို တိုက်ခိုက်ဟု ယူကရိန်းစစ်တပ် စွပ်စွဲ

ယူကရိန်းစစ်တပ် ပြောခွင့်ရ အန်ဒရေ လစ်ဆန်ကိုက ရုရှားအထူးတပ်ဖွဲ့ဝင်တွေဟာ ယူကရိန်းအရှေ့ပိုင်းက ဗျူဟာမြောက် အရေးပါတဲ့ ဒန်ညက်လေဆိပ်ကို ဒီဇင်ဘာ ၁ ရက်နေ့က တိုက်ခဲ့တယ်လို့ စွပ်စွဲပြောဆိုပါတယ်။

စက်တင်ဘာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် စာချုပ် ချုပ်ဆိုခဲ့ပေမယ့် ယူကရိန်းအရှေ့ပိုင်းမှာ လတ်တလောရက်တွေအတွင်း တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။

ယူကရိန်းအစိုးရက ရုရှားဟာ သူပုန်တွေ တပ်စွဲထားရာဒေသအတွင်း လက်နက်ကြီးတွေ အတွက် ခဲယမ်းမီးကျောက်တွေကို မှောင်ခိုသွင်းပေးနေတယ်လို့လဲ စွပ်စွဲပါတယ်။

ကျန်ခဲ့တဲ့ ၃ ရက်အတွင်း သူပုန်တွေက လေဆိပ်ကို တိုက်ဖို့ ကြိုးစားမှု မအောင်မြင်ခဲ့ဘူး။ နောက်ဆုံး သတင်းအချက်အလက်တွေအရ ရုရှားအထူးတပ်တွေက လေဆိပ်တိုက်ခိုက်မှုကို တိုက်ရိုက် ပါဝင်ခဲ့ပေမယ့် ရန်သူတွေကို မကူညီနိုင်ခဲ့ဘူးလို့ လစ်ဆန်ကိုက ကိယက်မြို့တော်က သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေကို ပြောပါတယ်။

လေဆိပ်ကျသွားပြီဆိုတဲ့ ကောလဟလတွေ ထွက်နေလို့ လေဆိပ်က ယူကရိန်းစစ်တပ်ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိဆဲပဲလို့ လစ်ဆန်ကိုက အခိုင်အမာ ပြောပါတယ်။

ယူကရိန်းဟာ ဧပြီလက ရုရှားလိုလားတဲ့ ခွဲထွက်ရေးသမားကိစ္စတွေ ပေါ်ပေါက်လာ တည်းက နိုင်ငံအရှေ့ပိုင်းက သူပုန်တွေကို ရုရှားက လက်နက်တွေနဲ့ တပ်တွေ လွှတ်ပေးနေတယ်လို့ စွပ်စွဲခဲ့တာပါ။

ရုရှားကတော့ စွပ်စွဲချက်ကို ငြင်းဆိုထားပါတယ်။ ဥရောပလုံခြုံရေးနဲ့ ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ကြီး ရှေ့မှောက်မှာ ယူကရိန်းရုရှားနဲ့ ယူကရိန်းအရှေ့ဘက်က ရုရှားလိုလားတဲ့ ခွဲထွက်ရေး သူပုန်ခေါင်းဆောင်တွေကြား အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုး ထားပေမယ့် ၂ ဖက်လုံးကတော့ ဆက်လက် ပစ်ခတ်နေဆဲ ဖြစ်ပြီး ယူကရိန်းပဋိပက္ခအတွင်း လူ ၄၃၀၀ သေဆုံးခဲ့ပြီးပါပြီ။

DVB

0 comments:

Post a Comment