23.3.15

ဒေါ်အောင်ဆန်းစုကြည် မွန်ပြည်နယ်ခရီးစဉ် ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်း

မွန်ပြည်နယ်သို့ ယခုလ ၂၇ ရက်တွင် သွားရောက်ရန် စီစဉ်ထားသည့် ဒေါ်အောင်ဆန်းစု ကြည်၏ ခရီးစဉ်ကို ရက်အကန့် အသတ်မရှိ ရွှေ့ဆိုင်းလိုက်ကြောင်းမွန်ပြည်နယ်အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါက်တာ ခင် ဆောင်က ပြောကြားသည်။


‘‘ကျွန်တော့်ကို မနေ့က (မတ်လ ၂၁) အဖွဲ့ချုပ်က ပြောပါတယ်။ ခရီးစဉ်ရွှေ့ဆိုင်းတယ်လို့။ ကျန်းမာရေးအခြေအနေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အခုကလည်း မွန် ဘက်မှာက နေအတော်ပူတယ်’’ ဟု မွန်ပြည်နယ် အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါက်တာခင်ဆောင်က မတ်လ ၂၂ ရက်ညနေတွင် ပြောသည်။

 ဒေါ်အောင်ဆန်းစုကြည် သည် ဗိုလ်ချုပ်ရာပြည့်ပွဲ ခရီးစဉ် အဖြစ် မွန်ပြည်နယ်သို့ သွားရောက်ကာ သံဖြူဇရပ်တွင် လူထုအားစကားပြောရန် စီစဉ်ခဲ့သော်လည်း ယင်းခရီးစဉ်ကို ရက်ရွှေ့ဆိုင်း လိုက်ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ရက်သတ္တပတ်အ တွင်း နေပြည်တော်တွင် ကျင်းပခဲ့သော လွှတ်တော်အစည်းအဝေး၌ ဒေါ်အောင်ဆန်းစုကြည် ခွင့်ယူခဲ့ပြီး ကျန်းမာရေး စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။

သို့သော် ဒေါ်အောင်ဆန်းစု ကြည်သည် ပုံမှန်ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်နေချိန်ဖြစ် သောကြောင့် အနားယူသည့်အ နေဖြင့် လွှတ်တော်မှ ခွင့်ယူထား ခြင်းဖြစ်ကာ ကျန်းမာရေးအခြေ အနေမှာ ကောင်းမွန်နေကြောင်း ၎င်း၏ မိသားစုဆရာဝန်ဖြစ်သူ ဒေါက်တာ တင်မျိုးဝင်းက 7Day Daily သတင်းစာအား ပြောထားသည်။

 ဒေါ်အောင်ဆန်းစုကြည် သည် ကျန်းမာရေးစစ်ဆေးမှုကို ခြောက်လတစ်ကြိမ်ပြုလုပ်လေ့ရှိ ကာ ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း နေပြည်တော်ရှိ ခုတင် ၁,၀၀၀ ဆေးရုံတွင် ကျန်းမာရေး စစ်ဆေးမှု ပြုလုပ်ခဲ့သည်။

Credit to : 7Day News

0 comments:

Post a Comment