23.3.15

စက်သုံးဆီဈေးမကျ၍ အနိမ့်ဆုံးနှုန်းထား သတ်မှတ်ရောင်းချစေမည်


ကမ္ဘာ့ရေနံဈေးကျသော် လည်း ပြည်တွင်းစက်သုံးဆီဆိုင် များက အမြင့်ဈေးဖြင့် ရောင်းချနေသဖြင့် အနိမ့်ဆုံးနှုန်းထားများ သတ်မှတ်ကာ ရောင်းချစေမည် ဟု သတင်းရရှိသည်။


ကမ္ဘာ့ရေနံဈေးကျဆင်းနေ သော်လည်း စက်သုံးဆီအရောင်း ဆိုင်များက ဈေးမလျှော့ဘဲ အမြတ်တင်ရောင်းချနေသဖြင့် ထိန်းချုပ်ပေးရန် စွမ်းအင်ဝန်ကြီးဌာန၏ တောင်းဆိုချက်ကို စက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးရေး အသင်းက စီစဉ်ခြင်း ဖြစ်သည်။

‘‘မြန်မာနိုင်ငံမှာ စက်သုံးဆီ ဈေးသတ်မှတ်ဖို့ လိုနေပါတယ်။ နိုင်ငံတကာမှာ လက်လီဈေးတွေ ကို လေ့လာပြီး သတ်မှတ်သွား မယ်။ အနည်းဆုံးတစ်ပတ်တစ်ခါ သတ်မှတ်သွားမယ်။ ဖြစ်နိုင်ရင် တစ်ရက်တစ်ခါ သတ်မှတ်သွားမယ်’’ ဟု စက်သုံးဆီ တင်သွင်း ရောင်းချဖြန့်ဖြူးရေးအသင်း အတွင်းရေးမှူး ဒေါက်တာဝင်းမြင့်က ပြောသည်။

ပြည်တွင်း စက်သုံးဆီအရောင်းဆိုင်များသည် ကမ္ဘာ့ရေနံဈေးမြင့်တက်ချိန်တွင် ဈေးမြှင့်ရောင်းချသော်လည်း ကမ္ဘာ့ရေ နံဈေး ထက်ဝက်ခန့် ကျဆင်းချိန် တွင် ပြည်တွင်းဆိုင်များက ဈေး မချဘဲ အမြင့်ဈေးဖြင့် ဆက်လက် ရောင်းချနေသည်ဟု စွမ်းအင်ဝန် ကြီးဌာန ဒုတိယ၀န်ကြီး ဦးအောင် ထူးက ပြောသည်။ ဈေးကွက်စီး ပွားရေးစနစ်ဖြစ်၍ အစိုးရအနေ ဖြင့် ဈေးနှုန်းသတ်မှတ်ထိန်းချုပ် ရန် မဖြစ်၍ လုပ်ငန်းရှင်များ ကိုယ်တိုင်ထိန်းချုပ်ရန် လိုအပ်သည်ဟု ဆိုသည်။ ‘‘လုပ်ငန်းရှင်တွေက ဈေး ကွက်စီးပွားရေး စနစ်အရ လုပ် တာ ဆိုပေမယ့် အစိုးရကို ထိခိုက် လာနိုင်တယ်။ အခုလွှတ်တော် က စက်သုံးဆီ ရောင်းချတာနဲ့ ပတ်သက်ပြီး အစိုးရကို ဖိအား ပေးနေပြီ။ ပြည်တွင်းလုပ်ငန်းရှင် တွေကို လုပ်ကိုင်ခွင့်ရအောင် အစိုးရက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကိုတောင် ခွင့်မပြုထားဘူး’’ဟု ဦးအောင်ထူးက ပြောသည်။

‘‘မကြာခင် လာရောက်လာမယ့် သင်္ကြန်မှာ ဆီဆိုင်တွေ မပိတ်ဖို့၊ ဈေးတင်မရောင်းဖို့၊ မီးဘေးအန္တရာယ် ဂရုစိုက်ဖို့ စွမ်းအင်ဝန်ကြီးဌာနက ဆီဆိုင်တွေကိုအသိပေးချင်ပါတယ်’’ ဟု မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးသန့်စင်က ပြောသည်။

၂၀၁၁ ဧပြီတွင် စင်ကာပူ နိုင်ငံ၌ စက်သုံးဆီဈေးနှုန်း တစ်ဂါလန်လျှင် အမြင့်ဆုံး ၃,၅၄၀ ကျပ်ခန့်သာရှိသော်လည်း ပြည်တွင်းစက်သုံးဆီ အရောင်းဆိုင်များ၌ ၄,၀၀၀ ကျပ်ဖြင့် ရောင်းချခဲ့သည်။ ထို့ပြင် ၂၀၁၁ သြဂုတ်၌ စင်ကာပူတွင် အနိမ့်ဆုံးဈေးနှုန်းကျပ် ၂,၆၁၀ ခန့်ရှိရာ ပြည်တွင်းဆိုင်များက ၃,၃၅၀ ကျပ်ဖြင့် ရောင်းချခဲ့ကြောင်းမြန်မာ့ရေနံထွက်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူး ဦးသန့်စင်က ပြောသည်။

ပြည်တွင်းလုပ်ငန်းရှင်များ က စင်ကာပူနိုင်ငံ ပေါက်ဈေးထက် ၆ ဒသမ ၅ ရာခိုင်နှုန်းမှ ၇ ရာခိုင်နှုန်းထိ အမြတ်ယူခဲ့ကြောင်း ၎င်းက ပြောသည်။

‘‘စက်သုံးအရောင်းဆိုင်တွေ က အမြတ်အစွန်းမရပါဘူး။ ဒေါ် လာဈေးတက်နေတော့ ဈေးနှုန်း ချပေးလို့ မရတာပါ’’ဟု Newday စက်သုံးဆီ အရောင်းဆိုင်မှ မန်နေဂျင်းဒါရိုက်တာက ပြောသည်။ ကမ္ဘာ့ရေနံဈေးသည် ၂၀၁၄ စက်တင်ဘာမှ စတင်ပြီး လက်ရှိတွင် ၅၀ ရာခိုင်နှုန်းကျော် ကျဆင်းခဲ့သည်ဟု စွမ်းအင် ၀န်ကြီးဌာန ဒုတိယ၀န်ကြီးက ပြောသည်။

Credit to : 7Day News

0 comments:

Post a Comment