25.3.15

လက်ပံတန်းနှင့် မင်းလှမှ ၀န်းရံသူ ပြည်သူ ၂၀ ပြန်လွတ်


 သာယာဝတီထောင် အတွင်း ဖမ်းဆီးခံရသည့် ပင်မ သပိတ်စစ်ကြောင်းမှ ကျောင်း သားများနှင့် ၀န်းရံသူများအနက် လက်ပံတန်းနှင့် မင်းလှမြို့မှ ပြည်သူ ၂၀ ဦးကို မတ်လ ၂၄ ရက် က ထပ်မံလွှတ်ပေးခဲ့ပြီး ကျန်ရှိ သူများကို မတ်လ ၂၅ ရက်တွင် ရုံးထုတ်သွားမည်ဖြစ်ကြောင်း သာ ယာဝတီခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီးအေးသိန်းကပြောသည်။


ဒီမိုကရေစီပညာရေးလှုပ် ရှားမှုဦးဆောင်ကော်မတီ၏ ပင်မသပိတ်စစ်ကြောင်းကို လက်ပံတန်းမြို့၌  မတ်လ ၁၀ ရက်တွင် ရဲများက  အကြမ်းဖက်ဖြိုခွင်းခဲ့ကာသာယာဝတီထောင်အတွင်း ဖမ်းဆီးခဲ့ပြီးနောက်ပိုင်း သံဃာတော်၊ကျောင်းသားနှင့် သတင်းထောက်များကိုသာ  ပြန်လွှတ်ပေးခဲ့ပြီး ယခုအခါတွင် ၀န်းရံသူများထဲမှ ဒေသခံပြည်သူများကို ပထမဆုံးအကြိမ်ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်သည်။

‘‘သူတို့ကို လက်ရှိအမှုမှာ တရားစွဲတင်ရန် လုံလောက်တဲ့ သက်သေခံအထောက်အထား အားနည်းလို့ ပြစ်မှုဆိုင်ရာကျင့် ထုံးဥပဒေပုဒ်မ ၁၆၉ အရ လွှတ် တာပါ။ အခုပြန်လွှတ်တဲ့သူတွေ က မှားဖမ်းမိလို့ ပြန်လွှတ်တာ မဟုတ်ပါဘူး။ အဲဒီဖြစ်တဲ့နေရာ မှာ ရှိနေလို့ အဖမ်းခံရတာပါ။ အ လုပ်ခွင်က ပြန်လာပြီးတော့  အိမ် တန်းပြန်သွားရင်  အဖမ်းခံရမှာ မဟုတ်ဘူး’’ဟု ဒုတိယရဲမှူးကြီး အေးသိန်းကပြောသည်။

  ကျောင်းသားသပိတ်စစ် ကြောင်းကို လက်ပံတန်းမြို့တွင်  အာဏာပိုင်များက အကြမ်းဖက် ဖြိုခွင်းခဲ့ပြီး ကျား ၁၀၇ ဦး၊ မ ၂၀ ဦး၊ စုစုပေါင်း ၁၂၇ ဦး ဖမ်းဆီးကာ မတ်လ ၁၁ ရက် ညနေ ၄ နာရီအချိန်၌ လက်ပံတန်းမြို့နယ် တရားရုံး၌ ရုံးထုတ်၍ ပုဒ်မ ၁၄၃၊ ပုဒ်မ ၁၄၅၊ ပုဒ်မ ၁၄၇၊ ပုဒ်မ ၃၃၂၊ ပုဒ်မ ၅၀၅ (ခ)တို့ဖြင့် တရားစွဲဆိုခဲ့သည်။


‘‘ဖမ်းမိတဲ့သူတွေကို  ရမန် ယူထားတဲ့အတွက် အားလုံး မတ် ၂၅ ရက်မှာ ရုံးထုတ်ရမှာပါ။ သူ တို့ကို ရုံးထုတ်တဲ့အခါမှ  ပြစ်မှု ကျူးလွန်တဲ့အလိုက် ပုဒ်မ နှစ်ခု၊ သုံးခုနှင့် ငါးခုအသီးသီးတရားစွဲ ဆိုတာမျိုး ရှိနိုင်ပါတယ်။ အခုထိ တော့   ဥပဒေအကြံပြုချက်မရ သေးပါဘူး’’ဟု ဒုတိယရဲမှူးကြီး အေးသိန်းကပြောသည်။

 သာယာဝတီထောင်တွင် ဖမ်းဆီးထားသည့် ကျောင်းသား နှင့် ၀န်းရံသူများထဲမှာ အမှန်တ ကယ်တက္ကသိုလ်တက်ရောက်နေ သည့် ကျောင်းသားများကို စိစစ်၍မိဘများထံသို့  အကြောင်းကြား ကာ သာယာဝတီခရိုင်အုပ်ချုပ် ရေးမှူးရုံးမှတစ်ဆင့် မတ်လ ၁၂ ရက်တွင် ကျောင်းသား၊ ကျောင်း သူ ၁၇ ဦးနှင့် မတ်လ ၁၃ ရက်တွင်ကျောင်းသား၊ ကျောင်းသူ ကိုးဦး၊ သတင်းထောက် နှစ်ဦး၊ မတ်လ ၁၄ ရက်တွင် ကျောင်းသား တစ် ဦး၊ မတ်လ ၁၇ ရက်တွင် ကျောင်း သား တစ်ဦးနှင့် မတ်လ ၂၄ ရက် တွင် ဒေသခံပြည်သူ ၂၀ ဦး စုစု ပေါင်း ၄၉ ဦးကို ပြန်လွှတ်ပေးခဲ့ ခြင်းဖြစ်ပြီး သာယာဝတီထောင် အတွင်း ကျောင်းသားနှင့် ၀န်းရံသူ၇၈ ဦး ကျန်ရှိနေသေးသည်။

Credit to : 7Day News

0 comments:

Post a Comment