8.7.15

နိုင်ငံပိုင် ကော်ပိုရေးရှင်း အဖြစ် သီးခြား ရပ်တည်ရန် လျှပ်စစ် ဝန်ထမ်း ၇ဝဝ ကျော် လျှော့ချမည်

ရန်ကုန်နှင့် မန္တလေး လျှပ်စစ် ဓာတ်အားပေးရေး ကော်ပိုရေးရှင်း တို့ကို နိုင်ငံတော်ပိုင် စီးပွားရေး အဖွဲ့အစည်း များအဖြစ် ကိုယ်ပိုင် ရပ် တည်ရန် ယနေ့ပြည်ထောင်စု လွှတ်တော်တွင် မဲခွဲ ဆုံးဖြတ်ပြီး အတည်ပြုခဲ့သည်။


ဇူလိုင်လ ၇ရက်နေ့က ကျင်းပ သော ပထမအကြိမ် ပြည်ထောင်စု လွှတ်တော်(၁၂)ကြိမ်မြောက် ပုံမှန် အစည်းအဝေး တွင် မဲခွဲဆုံးဖြတ် အတည်ပြုခဲ့ခြင်း ဖြစ်သည်။ ရန်ကုန် လျှပ်စစ် ဓာတ်အားပေး ရေးကော်ပိုရေးရှင်း အနေဖြင့် ရန်ကုန်တိုင်း ဒေသကြီး တစ်ခု လုံး၏ လျှပ်စစ် ကဏ္ဍကို တာဝန်ယူ ရမည်ဖြစ်ပြီး မန္တလေး လျှပ်စစ် ဓာတ်အားပေးရေး ကော်ပိုရေးရှင်း အနေဖြင့် မူ နေပြည်တော် ပြည် ထောင်စု နယ်မြေမှ လွဲ၍ ကျန်မန္တ လေးတိုင်းဒေသကြီး အတွင်းရှိ လျှပ်စစ် ကဏ္ဍကို တာဝန်ယူရမည် ဖြစ်သည်။

ယင်း ကော်ပိုရေးရှင်း နှစ်ခု အား လျှပ်စစ် ဝန်ကြီးဌာန လက် အောက်တွင်သာ ထားရှိမည် ဖြစ် သော်လည်း ပြည်ထောင်စု ဘဏ္ဍာ ရန်ပုံငွေ စာရင်း ပြင်ပမှ ဆောင် ရွက်သော နိုင်ငံတော်ပိုင် စီးပွားရေး အဖွဲ့အစည်း များအဖြစ် ကိုယ်ပိုင် ရပ်တည်ရမည် ဖြစ်ကြောင်း သိရ သည်။

 ကော်ပိုရေးရှင်း ဖွဲ့စည်းခြင်း သည် လျှပ်စစ် ကဏ္ဍကို စီးပွားရေး ဆန်ဆန် ဆောင်ရွက်လို၍ ဖြစ်ပြီး နိုင်ငံတော်က သတ်မှတ်ပေးထား သည့် ဓာတ်အားခနှုန်းထား အတိုင်း သာကောက်ခံမည် ဖြစ်ကြောင်း၊ ကော်ပိုရေးရှင်းကို ကာလတို၊ ကာလရှည် စီမံကိန်းနှစ်ခု လုံးနှင့် ဆောင် ရွက်သွားမည် ဖြစ်ကြောင်း၊ ဝန်ထမ်းများ ကို နိုင်ငံ့ဝန်ထမ်း လစာ အတိုင်း ခံစားခွင့်ပေးမည် ဖြစ်ပြီး ဝင်ငွေ တိုးတက် လာပါက ဝန်ထမ်း ခံစားခွင့် များကို  မြှင့်ပေး မည် ဖြစ်ကြောင်း၊ ဓာတ်အား ပျောက်ဆုံးမှု ၂ဝ ရာနှုန်းခန့် ရှိနေ ပြီး ကော်ပိုရေးရှင်း ဖွဲ့စည်း ပြီးပါက ၁၂  ရာခိုင်နှုန်း အထိ ကျဆင်း အောင် ဆောင်ရွက် သွားမည် ဖြစ် ကြောင်း လျှပ်စစ် ဝန်ကြီးဌာနမှ   ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင် စိုး က ပြောသည်။

”YESC အဖွဲ့အစည်းရဲ့ ဝန်ထမ်း ဦးရေ ၅၄၇ ဦးလျော့နည်း သွားမှာ ဖြစ်ပြီးတော့ မန္တလေး MESC အဖွဲ့အစည်းရဲ့ ဝန်ထမ်း ၂၁၉ ဦးလျော့ နည်းသွားမှာဖြစ်လို့ စုစုပေါင်း ၇၆၆ ဦး လျော့နည်းသွား မှာ ဖြစ်ပါတယ်။ လစဉ် စရိတ်အား ဖြင့် တစ်နှစ်ကို သန်းပေါင်း ၁၂ဝ၃ သန်း ဟာ နိုင်ငံတော် ဘတ်ဂျက်မှ လျော့နည်း သွားမှာ ဖြစ်ကြောင်း တင်ပြလိုပါတယ်”ဟု ၄င်းက ဆက် လက်ရှင်းလင်းသည်။
Credit to>>>popular

0 comments:

Post a Comment