16.11.15

ပြည်ပခရီးသွားများ အပန်းဖြေလေ့လာနိုင်ရန် ပုဂံမှကျောက်ပန်းတောင်းထိ ရေနွေးငွေ့သုံးမီးရထားစက်ခေါင်းဖြင့် ယခုလအတွင်း ပြေးဆွဲရန်စီစဉ်နေ

 

ယခုနိုဝင်ဘာ ၂၁ ရက်၌ ပြည်ပမှ ကမ္ဘာလှည့်ခရီး သွားဧည့်သည်များ အပန်းဖြေလေ့ လာနိုင်ရေးအတွက် ပုဂံဘူတာမှ ကျောက်ပန်းတောင်းဘူတာထိ ရေ နွေးငွေ့သုံး မီးရထားစက်ခေါင်းဖြင့် ပြေးဆွဲရန် စီစဉ်နေကြောင်း မြန်မာ့ မီးရထား ပုဂံဘူတာရုံမှတာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရသိရ သည်။



''လက်ရှိအခြေအနေက ကုမ္ပဏီ အနေနဲ့ ဒီလ ၂၁ ရက်မှ စတင်ပြေး ဆွဲဖို့ လက်မှတ်တွေရောင်းထားပြီးပြီ လို့ပြောသလို အဲဒီနေ့မှပြေးဆွဲမယ် လို့ စာလာပေးထားပါတယ်''ဟု ပုဂံ ဘူတာမှ ရုံပိုင်ကြီး ဦးဉာဏ်တင့်က ဒီမိုကရေစီတူဒေးသတင်းစာ သို့ ပြောသည်။ ရေနွေးငွေ့စက်ခေါင်းဖြင့် ပုဂံ ဘူတာမှ ကျောက်ပန်းတောင်း ဘူတာ သို့ပြေးဆွဲခွင့်အား မြန်မာ့မီးရထား မှ Bright View Travel & Tours ခရီးသွားအေဂျင်စီမှ ရရှိထားပြီး နိုင်ငံခြားသားခရီးသည် ရရှိမှုပေါ် မူတည်ပြီး ပြေးဆွဲသွားမည်ဖြစ်သည်။

လက်ရှိခရီးစဉ်မှာ  ပုဂံဘူတာမှ ကျောက်ပန်းတောင်းဘူတာသို့ ရေ နွေးငွေ့သုံးမီးရထား စက်ခေါင်းဖြင့်   ပြေးဆွဲမည်ဖြစ်ပြီး ပုပ္ပားတောင်သို့ သွားရောက်လေ့လာနိုင်ရန် မော် တော်ယာဉ်ဖြင့် စီစဉ်ထားကြောင်း သိရသည်။
ပြည်ပမှ ခရီးသွားဧည့်သည် များအနေဖြင့် ၎င်းခရီးစဉ်တွင် လိုက် ပါစီးနင်းလေ့လာခြင်းဖြင့် မီးရထား လမ်း၊ တစ်လျှောက် ရှိ မြန်မာ့လူနေ မှုသဘာဝဓလေ့စရိုက်များဖြစ်သော ထန်းတက်တောင်သူများ၏ဘဝ၊ ကျေးလက်နေပြည်သူ များ၏ဘဝနှင့် သဘာဝရှုခင်းများကို ကြည့်ရှုခံစား နိုင်မည်ဖြစ်ပြီး လိုအပ်ပါက မီးရထား ရပ်တန့်၍ ဓာတ်ပုံရိုက်နိုင်ရန် စီစဉ် ပေးမည်ဖြစ်သည်။
ပုဂံမှကျောက်ပန်းတောင်းသို့ရေနွေးငွေ့သုံး မီးရထားစက်ခေါင်း ဖြင့်ပြေးဆွဲရန် တစ်တွဲလျှင်ထိုင်ခုံ ၃၀ ပါအထက်တန်း တွဲ နှစ်တွဲနှင့် ထိုင်ခုံ ၄၀ ပါသည့် အထက်တန်း တွဲတစ်တွဲရှိပြီး လက်မှတ်ရောင်းချမှု အပေါ်မူတည်၍ ပြေးဆွဲရန်စီစဉ် ထားကြောင်း ပုဂံဘူတာမှတာဝန်ရှိ သူတစ်ဦး၏ ပြောကြားချက်ရသိရ သည်။
''မီးရထားစက်ခေါင်းက သူတို့ ရဲ့ဈေးနှုန်းကြောင့် သိပ်အလုပ်မဖြစ် သေးဘူး။ ခရီးတိုဖြစ်နေလို့ ဈေးနှုန်း ချိုသာစွာနဲ့ နေ့စဉ်ပြေး ဆွဲပေးမယ် ဆိုရင် ဧည့်သည်တွေအတွက် အရမ်း ကောင်းမှာပါ။ ပိုလည်းစီးလာကြ မယ်ထင်ပါတယ်။
''အခုလို နိုင်ငံခြားခရီးသည် တွေကို Pack-age Tour နဲ့ခရီးစဉ် လုပ်ပေးတာနဲ့ဆို သိပ်အလုပ်မဖြစ် လောက်နိုင်ပါဘူး''ဟု မြန်မာနိုင်ငံ ဧည့်လမ်းညွှန်များအသင်း (ပုဂံဇုန်)ဥက္ကဋ္ဌ ဦးဇော်ဝင်းချိုကပြောသည်။

Credit To >>> Myanmar Breaking News 

0 comments:

Post a Comment