16.11.15

ယာဉ်ကြောကျပ်တည်းမှု ရှောင်ကွင်းနိုင်မည့် ရှစ်မိုင်ခုံးကျော်တံတား ၂၀၁၆ ခုနှစ် မတ်လကုန် အပြီးတည်ဆောက်မည်


ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ရှစ်မိုင်လမ်းဆုံမီးပွိုင့်၌ ယာဉ်ကြောပိတ်ဆို့မှုများ ဖြေလျှော့နိုင်ရေးအတွက် ပြည်လမ်းမကြီးအတိုင်း တောင်နှင့် မြောက်သွယ်တန်းထားမည့် လေးလမ်းသွားခုံးကျော်တံတားကို တည်ဆောက်လျက်ရှိရာ(အောက်ပုံ)ပထမအဆင့် ဘိုးပိုင်တူးခြင်းလုပ်ငန်းများ ပြီးစီးသွားပြီဖြစ်ကြောင်း သိရသည်။

၂ဝ၁၆ ခုနှစ် မတ်လကုန်၌ အပြီး တည်ဆောက်ရန်ရည်ရွယ်ထားသည့်အဆိုပါတံတားကို ခန့်မှန်းကုန်ကျ ငွေကျပ် ၁၅ ဒသမ ၈ မီလီယံအထိ လျာထားသတ်မှတ်ပြီး ဆောက်လုပ် ရေးဝန်ကြီးဌာနမှ ခွင့်ပြုချက်အရ Croum Advarced ကုမ္ပဏီမှ ဂျပန် နှင့်ထိုင်းပညာရှင်များနှင့် မြန်မာ အင်ဂျင်နီယာများ စုပေါင်းတည် ဆောက်လျက်ရှိကြောင်း အင်ဂျင် နီယာချုပ် ဒေါ်နှင်းသက်ခိုင်က ပြောသည်။
အဆိုပါတံတားသည် ၅၂၅ မီတာ ရှည်လျားပြီး အကျယ်မှာ ၁၃ ဒသမ ၄ မီတာရှိကာ လူသွားလမ်းမပါရှိသည့် လေးလမ်းသွားခုံးကျော်တံတား တစ်ခု အဖြစ် မြင်တွေ့ရမည်ဖြစ်သည်။
ပြည်လမ်းမကြီးရှိ မြို့နယ် စည်ပင်ရုံးမှ ရှစ်မိုင်လမ်းဆုံမီးပွိုင့်ကို ဖြတ်ကာ ပြည်လမ်း၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်အထိ ရှည်လျားကြောင်း သိရသည်။ ဘိုးပိုင်တူးဖော်ခြင်း လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးခဲ့ပြီဖြစ် သဖြင့် ခုံးကျော်တံတားတည်ဆောက် ရေးလုပ်ငန်းများကို အချိန်မီပြီးစီး စေရန် နေ့ညတာဝန်များ ခွဲဝေဆောင် ရွက်လျက်ရှိကြောင်း သိရသည်။


Credit To >>> ပြည်မြန်မာ News 

0 comments:

Post a Comment