4.11.15

လောက်ကိုင်ခရိုင်တွင် ဖြစ်ပေါ်ခဲ့သည့် တိုက်ပွဲများကြောင့် တရုတ်နယ်စပ်ကို တိမ်းရှောင်နေသူများလာရောက်မဲပေးကြရန် ရွေးကောက်ပွဲကော်မရှင် ကမ်းလှမ်း




လောက်ကိုင်ဒေသတွင်ဖြစ်ပေါ်ခဲ့သော တိုက်ပွဲ များကြောင့် တရုတ်နယ်စပ်သို့တိမ်း ရှောင်နေသူများကို မဲလာရောက် ပေးရန် ရှမ်းပြည်နယ်ရွေးကောက် ပွဲကော်မရှင်မှ ကမ်းလှမ်းထားသည်။
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသတွင် ဖေဖော်ဝါရီ ၉ရက်နေ့ မှစတင်ဖြစ်ပွားနေသော တိုက်ပွဲများ ကြောင့် ဒေသခံများနှင့်ယင်းဒေသ တွင်တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများမှာ စစ်ဘေးကြောင့် ထွက် ပြေးတိမ်းရှောင်ခဲ့ပြီး နေအိမ်အချို့ ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည်။

လက်ရှိအချိန်တွင် တည်ငြိမ်လာပြီ ဖြစ်ခြင်းကြောင့် ရွေးကောက်ပွဲ ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း ရွေး ကောက်ပွဲကော်မရှင်ဦးစီးအရာရှိ ဦးနှစ်ဆန်းဦးက ''ကျွန်တော်တို့ အနေနဲ့ မဲစာရင်းတွေလုပ်တဲ့အခါ မှာ ရပ်ကွက်၊ ကျေးရွာအလိုက်ရှိနေ တဲ့စာရင်းတွေအတိုင်း လုပ်ကိုင် ထားတာပါ။ တချို့နယ်စပ်ကိုရောက် ရှိနေတယ်ဆိုပေမယ့် မဲစာရင်းပါလား၊ မပါလား လာကြည့်ကြတာ ရှိပါ တယ်။ နယ်စပ်ရောက်နေတယ် ဆိုပေမယ့် အဆက်အသွယ်ပြတ် သွားတာမဟုတ်ပါဘူး။ နောက် ကျွန်တော်တို့အနေ နဲ့လဲ သူတို့ကိုမဲလာ ရောက်ပေးဖို့ Request လုပ်ထား ပါတယ်''ဟုပြောသည်။
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသတွင်ဖြစ်ပေါ်ခဲ့သော တိုက် ပွဲများကြောင့် တိုက်ပွဲများစတင် ဖြစ်ပွားရာဒေသဖြစ်သော ကုန်းကြမ်း နှင့် မော်ထိုက် မြို့နယ်များမှ ကျေးရွာ ပေါင်း ၁၈ရွာမှ လူဦးရေ နှစ်သောင်း ကျော်မှာ လက်ရှိအချိန်ထိ တရုတ်နယ် စပ်သို့ ရောက်ရှိနေသေးသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ လူ မှုရေးဝန်ကြီးဒေါက်တာမျိုးထွန်း က''တိုက်ပွဲစတင်ဖြစ်တဲ့ ကုန်းကြမ်း မြို့နယ်ထဲက ကျေးရွာ ၁၈ ရွာထဲက သူတွေ အခုချိန်ထိပြန်မရောက် သေးပါဘူး။ ကုန်းကြမ်းမြို့နယ်မှာ ရှိတဲ့ မော်ထိုက်မြို့အနီးတစ်ဝိုက်က တော့ပြန်မလာရဲသေးတာရှိပါတယ်။ လူဦးရေ ခုနစ်သောင်းကျော်လောက် တော့ပြန်ရောက်နေပါပြီ။ ကျန်နေ သေးတာကတော့ နှစ်သောင်းကျော် လောက်ကိုကျန်နေသေးပါတယ်။ ကျွန်တော်တို့ ပြန်ခေါ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ကတော့ ဟို ဘက်မှာချည်း နေနေတာကလဲ ပြဿ နာဖြေရှင်းနည်းမဟုတ်သေး ဘူး။ နောက်စစ်ဘေးရှောင်တဲ့သူတွေ ကလဲ သူတို့အိမ်ပေးပြန်၊ အိမ်ပေး မပြန်ရင်တော့ ဟိုဘက်မှာပဲနေမယ် ဆိုပြီးပြောကြတယ်။ ဒါမှမဟုတ် ရွာအသစ်တစ်ခုပြန်တည်ပေးသင့်ပါတယ်ဆိုပြီး တင်ပြထားတာတော့ ရှိပါတယ်''ဟု ပြောသည်။
အဆိုပါဒေသတွင် ရောက်ရှိ နေသူများကို ပြန်လည်ခေါ်ယူ နိုင်ရန် အတွက် ဆွေးနွေးမှုများကို လုပ်ကိုင်ဆောင်ရွက်နေကြောင်း သိရသည်။

Credit To >>> Yangon Media Group

0 comments:

Post a Comment