28.1.16

ကုက္ကိုင်းခုံးကျော်တံတား ဖေဖော်ဝါရီ ၁၀ ရက်ဖွင့်မယ်


ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ကမ္ဘာ့အေးဘုရားလမ်းပေါ်ရှိ
ကုက္ကိုင်းလမ်းဆုံမှာ တည်ဆောက်လျက်ရှိတဲ့ ကုက္ကိုင်းခုံးကျော်
တံတားကို လာမည့် ဖေဖော်ဝါရီ ၁၀ ရက်မှာ ဖွင့်လှစ်သွားမယ်လို့
တံတားစီမံကိန်းမှ တာဝန်ရှိသူတွေက ပြောပါတယ်။

တံတားတည်ဆောက်ရေးလုပ်ငန်းမှာ အပိုင်းလိုက်ပြီးစီးသွားပြီးဖြစ်ပြီ
၉၇ ရာခိုင်နှုန်းပြီးစီးလျက်ရှိရာ ဇန်န၀ါရီ ၁၆ ရက်က စတင်ပြီး
ဖြတ်သန်းမောင်းနှင်ခွင့်ပြုထားပြီ ဖြစ်ပါတယ်။

ကုက္ကိုင်းခုံးကျော်တံတားဟာ သံကူကွန်ကရစ်အမျိုးအစား
တံတားဖြစ်ပြီး ပင်မတံတားအရှည်၃၅၀ မီတာ၊ ချည်းကပ်တံတား
အရှည် ၁၄၃ မီတာ၊ စုစုပေါင်း တံတားအရှည် ၄၉၃ မီတာ ရှိပါတယ်။

ကုက္ကိုင်းခုံးကျော်တံတားမှာ အသွားအပြန် ယာဉ်ကြောလေးလမ်းရှိမှာဖြစ်ပြီး
တံတားအောက်မှ အသွားအပြန် ယာဉ်ကြောနှစ်လမ်းရှိမှာ
ဖြစ်တဲ့အတွက် စုစုပေါင်းယာဉ်သွားလမ်းခြောက်လမ်းရှိလာမှာ
ဖြစ်ပါတယ်။

ရန်ကုန်မြို့မှာ ရွှေဂုံတိုင်၊ ဘုရင့်နောင်၊ လှည်းတန်း၊ မြေနီကုန်း
ခုံးကျော်တံတားများကို တည်ဆောက် ပြီးစီးခဲ့ပြီး ကုက္ကိုင်းခုံးကျော်တံတား၊
ရှစ်မိုင်လမ်းဆုံခုံးကျော်တံတားနဲ့ တာမွေအ၀ိုင်းထိပ်ခုံးကျော်
တံတားတွေကို တည်ဆောက်လျက်ရှိပါတယ်။

Credit To >>> Democracy News

0 comments:

Post a Comment