28.1.16

ရန်ကုန်ရှိ ရှစ်ထပ်ခွဲနှင့်အထက် အထပ်မြင့်များကို ယခုအချိန်ထိ စည်ပင်ရေ မပေးနိုင်သေး


ရန်ကုန်မြို့ရှိ ရှစ်ထပ်ခွဲနှင့်အထက် အထပ်မြင့်အ ဆောက်အအုံများအား ရေမပေးဝေ နိုင်သေးကြောင်း ရန်ကုန်မြို့တော်စည် ပင်သာယာရေးကော်မတီမှ သိရသည်။
ရှစ်ထပ်ခွဲနှင့်အထက် လူနေထိုင် လျက်ရှိသော အထပ်မြင့်အဆောက် အအုံများနှင့် လက်ရှိဆောက်လုပ်ဆဲ များကိုပါ ယခုအချိန်အထိ ရေမပေးဝေ နိုင်သေးသော်လည်း ရန်ကုန်မြို့တော် ရေပေးဝေရေးစီမံကိန်းများပြီးစီးသွား ပါက ရေပေးဝေနိုင်မည်ဖြစ်ကြောင်း သိရသည်။

ယင်းနှင့်ပတ်သက်၍ ရန်ကုန် မြို့တော် စည်ပင်သာယာရေးကော် မတီ၊ ညှိနှိုင်းဆောင်ရွက်ရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ''လက်ရှိလူတွေ အားလုံးတောင် ရေလုံလုံလောက် လောက် မပေးဝေနိုင်သေးပါဘူး။ အ ထပ်မြင့်တွေကို ရေပေးလိုက်တာနဲ့ ယခုလက်ရှိလူတွေ ရေမလုံလောက် မှာဖြစ်တဲ့အတွက် မပေးသေးတာပါ။ လုံးဝမပေးမှာမဟုတ်ပါဘူး။ ရန်ကုန် မြို့တော်ရေပေးဝေနိုင်ရေးအတွက် စီမံကိန်းတွေပြီးသွားရင်တော့ ပေး နိုင်မှာပါ''ဟု ပြောသည်။
ရန်ကုန်မြို့တွင် နေထိုင်သည့် ပြည်သူများအားလုံးကို ရေပေးဝေ နိုင်ရန်အတွက် ရန်ကုန်မြို့တော် စည် ပင်သာယာရေးကော်မတီတွင် အဓိက တာဝန်ရှိကြောင်း ၎င်းက ပြောသည်။
ရန်ကုန်မြို့တော်စည်ပင်သာ ယာရေးကော်မတီ၊ ကော်မတီဝင် (၇) ဦးခင်လှိုင်(ဇောတိက)က ''အခုလာ မယ့် အစိုးရသစ်လက်ထက်ကျရင် အိမ် တိုင်း၊ အိမ်တိုင်းကိုရေပေးနိုင်အောင် ဆောင်ရွက်မှာပါ။ အခုရေလောက် လား၊ မလောက်ဘူးလားဆိုတော့ ရေ လောက်ပါတယ်။ ရေပြုန်းတီးတာ တွေ အများကြီးဖြစ်နေလို့ပါ။ ရေတွေ ပြတ်တာတို့၊ ပိုက်တွေပျက်တာတွေ ရှိရင် ကျွန်တော့်ဆီ အကြောင်းကြား ပါ၊ ဆောင်ရွက်ပေးပါမယ်'' ဟု ပြောသည်။

Credit To >>> Democracy News

0 comments:

Post a Comment