29.1.16

တရုတ်ခရီးသည်များကို မလေးရှားက ဗီဇာကင်းလွတ်ခွင့်ပေးမည်

မလေးရှားနိုင်ငံက တရုတ်ခရီး သည်များကို မတ်လမှစ၍ ယခုနှစ် ကုန်အထိ ဗီဇာကင်းလွတ်ခွင့်ပေး သွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် နာဂျစ်ရာဇတ်က ပြောကြားလိုက် သည်။

ဗီဇာကင်းလွတ်ခွင့်အား တရုတ် နိုင်ငံသားများအား မတ် ၁ ရက်မှ ဒီဇင် ဘာ ၃၁ ရက်အထိ ခွင့်ပြုသွား မည်ဟုဘာနာမာသတင်းဌာန က ဖော်ပြခဲ့ သည်။ ဤသတင်းအား နာဂျစ် က ပူထရာဂျာယာ၌ ဘတ်ဂျက်ပြင် ဆင်မှုတင်ပြ စဉ် ထည့်သွင်းပြော ကြားခဲ့ခြင်းဖြစ်သည်။

ဤဗီဇာကင်းလွတ်ခွင့်အား တရုတ်ပြည်မှ လာရောက်သူများအား ၁၅ ရက်ထက်မနည်း နေထိုင်သူများ ကို ပေးသွားမည်ဟုဆိုသည်။
အစိုးရအနေဖြင့် နိုင်ငံခြားဧည့် သည်များ ဝင်ရောက်မှုလွယ်ကူစေ ရန် လုပ်ဆောင်သွားမည်ဖြစ်ပြီး နိုင် ငံအများစုအတွက် E-Visa ခွင့်ပြု သွားရန် လုပ်ဆောင်ပြီးဖြစ်ကြောင်း နာဂျစ်ကပြောသွားခဲ့သည်။

လွန်ခဲ့သောနှစ်က မလေးရှား သို့ တရုတ်ခရီးသွား ၁ ဒသမ ၃ သန်း လာရောက်ခဲ့ကြသည်။ လာမည့်နှစ် အနည်းငယ်တွင် ခရီးသွား ရှစ်သန်း ကျော် လာရောက်မည်ဟု မျှော်လင့် ထားသည်။

တရုတ်-မလေးရှား ခရီးသွား လာမှု လျော့နည်းမှုမှာ ၂၀၁၄ မတ် MH-370 လေယာဉ်မှာ ခရီး သည် ၂၃၉ ဦးနှင့်အတူ ကွာလာလမ် ပူမှ ပေကျင်း သို့အသွား လမ်းခရီး ၌ ပျောက်ဆုံးသွား ခဲ့ပြီးနောက် ဖြစ် ပေါ်ခဲ့သည်။

Credit To <>>>> Democracy Today

0 comments:

Post a Comment