11.1.16

အစိုးရသက်တမ်း ကုန်ခါနီးတွင် ပုဂ္ဂလိကဘဏ် အသစ်များ ဆက်တိုက်ခွင့်ပြု

လက်ရှိ အစိုးရသက် တမ်းကုန်ဆုံးခါနီးတွင် စီးပွားရေး လုပ်ငန်းရှင်ကြီးများ ဖွင့်လှစ်သော ပုဂ္ဂလိကဘဏ်များအား ဆက် တိုက် ခွင့်ပြုပေးနေကြောင်း သတင်းရရှိသည်။ရွှေသံလွင်ကုမ္ပဏီက တည် ထောင်ဖွင့်လှစ်သော ရွှေဘဏ်ကို ဇန်နဝါရီ ၁၁ ရက်တွင် ရန်ကုန်မြို့ ကုန်သည်လမ်းနှင့် ပန်းဆိုးတန်းလမ်းထောင့်၌ စတင်ဖွင့်သည်။

ထို့အပြင် အစိုးရနှင့်နီးစပ် သောလုပ်ငန်းရှင်ကြီးနှစ်ဦးက ဖွင့် လှစ်မည့် ပုဂ္ဂလိကဘဏ်အသစ် နှစ်ဘဏ်မှာလည်း မြန်မာနိုင်ငံ ဗဟိုဘဏ်က ခွင့်ပြုပြီး နိုင်ငံတော် သမ္မတထံသို့ ထပ်မံတင်ပြထား ကြောင်း ဘဏ်လုပ်ငန်းနှင့်နီးစပ် သည့် လုပ်ငန်းရှင်အချို့က ပြော သည်။  ၂၀၁၅ တွင် လယ်ယာလုပ် ငန်းနှင့် ဆက်စပ်သည့် ဘဏ်များ ဖြစ်သော တောင်သူလယ်သမား ဖွံ့ဖြိုးရေးဘဏ်၊ ဧရာဝတီတောင် သူလယ်သမားဖွံ့ဖြိုးရေးဘဏ်နှင့် မြန်မာနိုင်ငံတောင်သူလယ်သမား ဖွံ့ဖြိုးရေးဘဏ်တို့ ဖွင့်လှစ်ခွင့်ပြု ခဲ့သည်။ ထို့ကြောင့် ရွှေဘဏ်နှင့် ဘဏ်အသစ်နှစ်ခု ထပ်မံဖွင့်လှစ် ခွင့်ရလျှင် နှစ်ပိုင်းအတွင်း ပုဂ္ဂလိ ကဘဏ် ခြောက်ဘဏ် တိုးလာ မည်ဖြစ်သည်။
လက်ရှိ အစိုးရလက်ထက် တွင် ပြည်တွင်းပုဂ္ဂလိကဘဏ်များ သာမက နိုင်ငံခြားဘဏ် ကိုးဘဏ် ကိုလည်း ၂၀၁၄ အောက်တိုဘာ ၌ ဖွင့်လှစ်ခွင့်ပြုခဲ့သည်။
ပုဂ္ဂလိကဘဏ်အသစ်များ တိုးဖွင့်လာသော်လည်း ပြည်တွင်း ဘဏ်လုပ်ငန်းများသည် လက်ရှိ တွင် ပြည်တွင်းစီးပွားရေး တိုး တက်မှုနည်းခြင်း၊ ဗဟိုဘဏ်က တင်းကျပ်လာသော စည်းမျဉ်းများ ကြောင့် အခက်အခဲများဖြစ်လာ ကြောင်း ပုဂ္ဂလိကဘဏ်လုပ်ငန်း ရှင်များက ပြောသည်။
ပုဂ္ဂလိကဘဏ် အများစု သည် မတည်ငွေပမာဏ နည်းပါး ခြင်း၊ ချေးငွေဈေးကွက်မတိုးတက် သဖြင့် မျှဝေရယူနေရခြင်းစသည့် အခက်အခဲများရှိကြောင်း ၎င်းတို့ က ဆက်လက်ပြောသည်။
ဘဏ်တိုးနှုန်း မြင့်မားပြီး ပြည်တွင်းအသေးစားလုပ်ငန်းရှင်များက ချေးငွေများ ထုတ်မချေးနိုင် ခြင်း၊ ပုဂ္ဂလိကဘဏ် ၂၀ ကျော် ရှိနေသဖြင့် ဝန်ဆောင်မှုကို အ ပြိုင်အဆိုင်လုပ်နေရခြင်းနှင့် ပြည် သူအများက ဘဏ်များအပေါ် ယုံ ကြည်မှုနည်းပြီး ငွေကြေးအပ်နှံမှု လျော့နည်းနေခြင်းကလည်း ပုဂ္ဂ လိကဘဏ်များရပ်တည်ရေး အ ခက်အခဲဖြစ်စေမည်ဟု ဘဏ်လုပ် ငန်းရှင်အချို့က ဆိုသည်။
နိုင်ငံခြားဘဏ်ကိုးဘဏ်ကို ပြည်တွင်း၌ ဖွင့်လှစ်ခွင့်ပြုထားသော်လည်း ဘဏ်လုပ်ငန်းဝန်ဆောင်မှုများကို ဗဟိုဘဏ်က တင်းကျပ်စွာ ကန့်သတ်ထားသည်။
Credit to >>> 7 Day Daily

0 comments:

Post a Comment