18.1.16

မလေးရှားဗီဇာကြေး အစိုးရချင်းညှိနှိုင်းနေ အေဂျင်စီများ ဆန္ဒပြမည့် အစီအစဉ်ရပ်ဆိုင်း

 မလေးရှားဗီဇာကြေးတိုးမြှင့်လိုက်ခြင်းကြောင့် ယနေ့ (ဇန်န၀ါရီ ၁၈ ရက်) တွင် ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီများ စုပေါင်းဆန္ဒပြရန် စီစဉ်ထားသော်လည်း နှစ်နိုင်ငံဝန်ကြီးဌာနချင်း ညှိနှိုင်းနေ သောကြောင့် လေးရက်ကြာဆန္ဒပြရန် အစီအစဉ်ကို ဖျက်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။
‘‘မြန်မာ-မလေးရှားနှစ်နိုင်ငံ ၀န်ကြီးဌာနအချင်းချင်း ဗီဇာကြေး နဲ့ပတ်သက်ပြီး ညှိနှိုင်းမှုပြုလုပ် နေတယ်လို့ သိရတယ်။ အဲဒီရ လဒ်ကို စောင့်ကြည့်တဲ့သဘောနဲ့ ဆန္ဒပြဖို့ အစီအစဉ်ကိုမလုပ်ဖြစ် တော့တာပါ’’ဟု မြန်မာပြည်ပအ လုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်း ရှင်များအဖွဲ့ချုပ် (MOEAF)အလုပ်အမှုဆောင် ဦးဇော်မျိုးမြင့် က ပြောသည်။
ထို့အပြင် အလုပ်သမား၊ အ လုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန် ကြီးဌာနကလည်း မလေးရှားဗီဇာ ကြေးတိုးမြှင့်မှုအပေါ် နှစ်နိုင်ငံ ၀န်ကြီးဌာနချင်း ညှိနှိုင်းဆောင် ရွက်မှုများ ပြုလုပ်နေပြီဖြစ်၍ ဆန္ဒထုတ်ဖော်မှုမပြုလုပ်ရန် ပြည်ပ အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီများသို့ ဇန်န၀ါရီ ၁၇ ရက်စွဲဖြင့် အကြောင်းကြားစာ ပေးပို့ခဲ့သည်။
‘‘ဗီဇာကြေးနဲ့ပတ်သက်လို့ လျှော့ပေါ့ပေးဖို့၊ သူတို့စကောက် မယ့်ကာလအချိန်ရွှေ့ထားပေးဖို့ နိုင်ငံခြားရေးဝန်ကြီးဌာနကတစ် ဆင့် မလေးရှားနိုင်ငံခြားရေးဝန် ကြီးဌာန၊ အလုပ်သမားဝန်ကြီး ဌာနတို့ဆီကို စာပို့အကြောင်း ကြားထားပြီးပါပြီ။ အလုပ်သမား တွေနစ်နာမှုမရှိအာင် ညှိနှိုင်းမှု တွေလုပ်နေတာပါ’’ဟု အလုပ်သ မား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံ ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်း ၀န်ဦးမျိုးအောင်က ပြောသည်။
ပြည်ပအလုပ်အကိုင်ရှာဖွေ ရေးအေဂျင်စီများသည် ဗီဇာ ကြေးတိုးမြှင့်ကောက်ခံမှုအပေါ် ဆန္ဒပြသည့်အနေဖြင့် ဇန်န၀ါရီ ၁၈ ရက်မှစတင်ကာ အကန့်အ သတ်မရှိ မလေးရှားဗီဇာမ လျှောက်ထားရန်နှင့် မည်သည့် မလေးရှားအလုပ်ခေါ်စာကိုမျှ MOEAF က ထောက်ခံခြင်းမပြုရန် ဇန်န၀ါရီ ၁၆ ရက်က ဆုံးဖြတ်ခဲ့ သည်။
သို့သော် အေဂျင်စီများဘက် က မလေးရှားသို့ လုပ်သားစေ လွှတ်မှု ရပ်ဆိုင်းမည့်ကိစ္စနှင့်ပတ် သက်၍ ဌာနအနေဖြင့် အလုပ် သမားများအလုပ်အကိုင်အခွင့်အ လမ်းဖော်ဆောင်ရေးကို အလေး ထားရမည်ဖြစ်သည့်အတွက် တစ် ဖက်က လုပ်သားခေါ်ယူမှုအခြေ အနေကို စောင့်ကြည့်ရမည်ဟု ဦးမျိုးအောင်က ဆိုသည်။

Credit To >>> 7Day News Journal

0 comments:

Post a Comment