18.1.16

၂၀၁၆ ခုနှစ် မြန်မာနိုင်ငံ၏ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းတွင် အရိပ်အယောင်ကောင်းများ မြင်တွေ့နေရ



ယခုနှစ်တွင် မြန်မာနိုင်ငံသို့ လာရောက် နိုင်ဖွယ်ရှိသည့် ကမ္ဘာ လှည့်ခရီးသွားအရေအတွက်မြင့် တက် လာခြင်းကြောင့် ၂၀၁၆ ခုနှစ် တွင် မြန်မာနိုင်ငံ၏ ကမ္ဘာလှည့်ခရီး သွားလုပ် ငန်း၌ ကောင်း မွန်သည့်အ လားအလာ များမြင်တွေ့နေရကြောင်း Xinhua သတင်း၌ဖော်ပြသည်။

လွန်ခဲ့သောနှစ် နိုဝင်ဘာလ ကုန်တွင်မြန်မာနိုင်ငံသို့ ကမ္ဘာလှည့် ခရီးသွား ၄ ဒသမ ၂ သန်းရောက် ရှိခဲ့ပြီး ယခုနှစ်ဧပြီလတွင်ခရီးသည် အရေအတွက်မှာငါးသန်းအထိမြင့် တက်လာမည်ဟု ဟိုတယ်နှင့်ခရီး သွားဌာနမှ ခန့်မှန်းထားသည်။ မြန်မာနိုင်ငံသည် ၂၀၁၅ ခုနှစ် တွင် ဟိုတယ်နှင့်ခရီးသွားလာရေး ကဏ္ဍ၌ စီမံကိန်း ၄၇ ခုတွင် အမေရိ ကန်ဒေါ်လာ ၂ ဒသမ ၆၄ ဘီလီယံ နိုင်ငံခြား ရင်းနှီးမြှုပ်နှံ မှု ရရှိခဲ့သည်။
၂၀၁၅ ခုနှစ်အတွက် ခရီးသွားကဏ္ဍ ၏ စုစုပေါင်းနိုင်ငံခြားရင်းနှီးမြှုပ်နှံ မှုတွင် စင်ကာပူနိုင်ငံက ဒေါ်လာ ၁ ဒသမ ၄၇ ဘီလီယံဖြင့်ထိပ် ဆုံးမှ ရပ်တည်နေကာ ယင်းနောက်တွင် ဗီယက်နမ်က သန်း ၄၄၀ ဖြင့်ရပ် တည်နေသည်။
၂၀၁၆ ခုနှစ်တွင် မြန်မာ့ခရီး သွားကဏ္ဍ၏ ဖွံ့ဖြိုးတိုးတက်မှုမှာလွန် ခဲ့သောနှစ် မှ ရင်းနှီးမြှုပ်နှံမှုကမ္ဘာနှင့် အာဆီယံစီးပွားရေးတို့ အပေါ်တွင်မူ တည်နေ သည်။ ဟိုတယ်နှင့်ခရီး သွားလာရေးဌာန၏ ၂၀၁၃-၂၀၂၀ အထူးစီမံ ကိန်း၌ ၂၀၂၀ ပြည့်နှစ် တွင် မြန်မာနိုင်ငံသို့ရောက် ရှိလာသည့် ခရီးသည် အရေအတွက်မှာ ၇ ဒသမ ၄၉ သန်းထိမြင့်တက်လာမည်ဟု ခန့်မှန်းထားသည်။
မြန်မာနိုင်ငံသို့ လွန်ခဲ့သောနှစ် တွင် အပျော်စီးခရီးသွားသင်္ဘော ၂၅ စင်းဖြင့် ခရီး သည် ၂၆၀၀၀ ရောက် ရှိလာခဲ့ပြီး ယခုနှစ်ဇန်နဝါ ရီနှင့်ဖေ ဖော်ဝါ ရီလ တို့တွင်လည်း အပျော်စီး သင်္ဘောများ စွာရောက်ရှိ လာမည် လည်းဖြစ်သည်။
ထို့အပြင် မြန်မာ နိုင်ငံအတွင်းရှိ ခရီးသွားကုမ္ပဏီအရေအတွက်သည် လည်း ၂၀၁၄ ခုနှစ်တွင် ၁၆၇၀ ခုသာ ရှိခဲ့ရာမှ ယခုတွင် ၁၉၂၂ ခုသို့ မြင့် တက်လာကာ ယင်းတို့မှ ၁၈၂၂ ခုမှာ နိုင်ငံသားပိုင်ကုမ္ပဏီများဖြစ်သည်။
ဟိုတယ်များနှင့်ပတ်သက်၍ လည်း ၂၀၁၄ ခုနှစ်တွင် နိုင်ငံတစ် ဝန်းလုံး၌ ဟိုတယ်ပေါင်း ၂၉၀ သာ ရှိခဲ့ရာမှ ယခုတွင်ဟိုတယ်ပေါင်း ၃၄၀ အထိရှိလာပြီဟု မြန်မာနိုင်ငံဟို တယ်များအသင်းဥက္ကဋ္ဌကပြော သည်။

Credit To >>> Democracy News 

0 comments:

Post a Comment