18.1.16

ရန်ကုန်တိုင်းဒေသကြီးတွင် မီးသင်္ဂြိုဟ်ရမည့်သုသာန်နယ်မြေများကို ဖေဖော် ဝါရီလမှ စတင်ကာ သက်ဆိုင်ရာမြို့နယ်များအလိုက် ပြောင်းလဲ သတ်မှတ်တော့မည်


ရွှေပြည် သာနှင့် ဒဂုံဆိပ်ကမ်းမြို့နယ်တွင်ရှိသည့် ကျုချောင်နှင့်ကျီစုသုသာန်တို့ ကို အဆင့်မြှင့်တင်မှုများပြီးစီးခဲ့ပြီဖြစ် သဖြင့် မီးသင်္ဂြိုဟ်မည့်သုသာန်နယ်မြေ များကို ဖေဖော်ဝါရီလ၁ရက်မှစတင် ကာ သက်ဆိုင်ရာမြို့နယ်များအလိုက် ပြောင်းလဲ သတ်မှတ်သွားမည်ဖြစ် ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာ ယာရေးကော်မတီပတ်ဝန်းကျင်ထိန်း သိမ်းရေးနှင့် သန့်ရှင်းမှုဌာနမှသိရသည်။

ယင်းကဲ့သို့သတ်မှတ်လိုက်ပါ က ရွှေပြည်သာမြို့နယ်အနေဖြင့် ကျူ ချောင်သုသာန်ကိုသာ အသုံးပြုရ တော့မည်ဖြစ်ပြီး ဒဂုံမြို့သစ်တောင် ပိုင်း၊ ဒဂုံဆိပ်ကမ်း၊ ဒဂုံအရှေ့ပိုင်း၊ ဒဂုံ မြို့သစ်မြောက်ပိုင်းရှိ ပြည်ထောင်စု လမ်းမကြီး အရှေ့ဘက်ခြမ်းအပါအ ဝင် သာကေတမြို့နယ်အနေဖြင့် ကျီစု သုသာန်ကိုသာ အသုံးပြုရတော့မည် ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ဒီမိုကရေစီတူးဒေးသို့ ဇန်န ဝါရီ ၁၄ ရက်က ပြောသည်။
လက်ရှိအနေဖြင့် ရန်ကုန်တိုင်း ဒေသကြီး စည်ပင်နယ်နိမိတ်ဧရိယာ အတွင်းတွင် သေဆုံးသူများ၏ကျန် ရစ်သူမိသားစုဝင်အများစုသည် မီး သင်္ဂြိုဟ်ရာတွင် မင်္ဂလာဒုံမြို့နယ်ရှိ ရေဝေးသုသာန်နှင့် လှိုင်သာယာမြို့ နယ်အတွင်းရှိ ထိန်ပင်သုသာန်တို့ တွင်သာ အများဆုံးသင်္ဂြိုဟ်ခဲ့သည့် အတွက် အဆိုပါ မြို့နယ်များတွင် ယာဉ်ကြောကျပ်တည်းမှုများ လည်း ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
''အရင်ကတည်းက သူ့နယ်မြေအလိုက် သင်္ဂြိုဟ်ဖို့ခွဲခြားထားပါတယ်။ ဒါပေမဲ့ အဲဒီကျီစုနဲ့ကျူချောင်သုသာန် တွေဟာ အရင်တုန်းကသိပ်မကောင်း တော့ ကျန်ရစ်သူမိသားစုတွေကလည်း ကွယ်လွန်သူကို မီးသဂြိုလ်ရာမှာ ရေ ဝေးနဲ့ ထိန်ပင်ကိုပဲ အဓိကပို့ဆောင် သင်္ဂြိုဟ်ခဲ့ပါတယ်။ အခုဆိုရင် ကျီစု နဲ့ကျူချောင်ကို အဆင့်မြှင့်တင်တာ တွေလည်းပြီးသွားပြီဆိုတော့ ပြန်ပြီး နယ်မြေပြောင်းလဲ သတ်မှတ်ပေးတော့ မှာဖြစ်ပါတယ်''ဟု ၎င်းကပြောသည်။
၂၀၁၆ခုနှစ် ဖေဖော်ဝါရီ ၁ရက် မှစတင်ကာ ယင်းကဲ့သို့ သတ်မှတ် တော့မည့် သုသာန်နယ်မြေများတွင် မီးသင်္ဂြိုဟ်မှုများကို သက်ဆိုင်ရာမြို့ နယ်များက ပြုလုပ်ရတော့မည်ဖြစ် ပြီး ယင်းကဲ့သို့ သက်ဆိုင်ရာမြို့နယ် များအလိုက် သတ်မှတ်ထားသောသု သာန်တွင် သင်္ဂြိုဟ်ခြင်းကို မပြုလုပ် ပါက နယ်ကျော်ကြေးအဖြစ် ကျပ်တစ်သိန်း ကောက်ခံသွားမည်ဖြစ် ကြောင်း သိရသည်။
ယခုအခါ ရန်ကုန်စည်ပင်သာ ယာနယ်နိမိတ်အတွင်းတွင် ရေဝေး၊ ထိန်ပင်၊ ကျီစု၊ ကျူချောင်၊ ဆိပ်ကြီး -ခနောင်တို၊ ဒလနှင့် အလတ်ချောင်း သုသာန် စသည်ဖြင့်ခုနစ်ခုတွင်သင်္ဂြိုဟ် ရန် သတ်မှတ်ပေးထားပြီးဖြစ်ကြောင်း သိရသည်။
ဖေဖော်ဝါရီလ၁ရက်မှစတင်ကာ မြောက်ဥက္ကလာပ၊ တောင်ဥက္က လာပ၊ သင်္ဃန်းကျွန်း၊ ဒေါပုံ၊ ပုဇွန် တောင်၊ ဗိုလ်တထောင်၊ ရန်ကင်း၊ တာ မွေ၊ မင်္ဂလာတောင်ညွန့်၊ မင်္ဂလာဒုံ၊ အင်းစိန်၊ လှိုင်(အရှေ့ခြမ်း)၊ မရမ်း ကုန်း(အရှေ့)မှ ကွယ်လွန်သူများသည် ရေဝေးသုသာန်တွင် သင်္ဂြိုဟ်ရတော့ မည်ဖြစ်ပြီး ဆိပ်ကြီး-ခနောင်တို၊ အ လတ်ချောင်းနှင့် ဒလသုသာန်တို့တွင် ရန်ကုန်မြစ်တစ်ဖက်ကမ်းရှိ မြို့နယ်များမှကွယ်လွန်သူများကို မီးသင်္ဂြိုဟ် ရမည်ဖြစ်ကြောင်း သိရသည်။
ယခု အဆင့်မြင့်တည်ဆောက် လိုက်သည့် ကျီစုနှင့်ထိန်ပင်သုသာန် အဆင့်မြင့်တင်ခြင်းကို ၂၀၁၅ခုနှစ် အတွင်းက ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

Credit To >>> Democracy News 

0 comments:

Post a Comment