19.1.16

ရန်ကုန်ဘူတာကြီး အဆင့်မြှင့်တင်ရေးလုပ်ငန်းဆောင်ရွက်ရန် ပြည်တွင်းပြည်ပကုမ္ပဏီ ၁၆ ခု လျှောက်ထား


ရန်ကုန် ဘူတာကြီးကို အဆင့်မြှင့်တင်ရေးဆောင်ရွက်ရန်အတွက် တင်ဒါလျှောက် ထားမှုကို ပြည်တွင်းပြည်ပကုမ္ပဏီ ၁၆ ခုလျှောက်ထားကြောင်း မြန်မာ့ မီးရထားလုပ်ငန်းမှသိရသည်။
ယင်းကဲ့သို့ တင်ဒါလျှောက်ထား သည့် ပြည်တွင်းပြည်ပကုမ္ပဏီ ၁၆ ခုတွင် စင်ကာပူနိုင်ငံနှင့် တရုတ်နိုင် ငံတို့မှ ကုမ္ပဏီအများဆုံးပါဝင်လျက်ရှိကြောင်းသိရသည်။

ယင်းနှင့်ပတ်သက်ပြီး ရထားပို့ ဆောင်ရေးဝန်ကြီးဌာန မြန်မာ့မီးရ ထားလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦး က ''အရင်က လာလျှောက်တဲ့ကုမ္ပဏီ တွေကတင်ဒါစည်းကမ်းနဲ့မညီလို့ဖျက်သိမ်းခဲ့တာဖြစ်ပါတယ်၊ လက်ရှိ လာလျှောက်ထားတဲ့ ကုမ္ပဏီတွေထဲ မှာတော့ တရုတ်နဲ့ စင်ကာပူကုမ္ပဏီ တွေ အများဆုံးပဲ လာလျှောက်ထား တာတွေ့ရပါတယ်။ တင်ဒါအောင်တဲ့ ကုမ္ပဏီကိုတော့ လာမယ့်ဖေဖော်ဝါရီလမှာ ကြော်ငြာပေးသွားမှာဖြစ်ပါ တယ်''ဟု ပြောသည်။
ရန်ကုန်ဘူတာကြီး ဘက်စုံဖွံ့ ဖြိုးတိုးတက်ရေးအတွက်အဆင့်မြှင့် တင်ရန်တင်ဒါခေါ်ယူမှုကိုလွန်ခဲ့သည့် နှစ် ဩဂုတ်လ ရ ရက်မှ နိုဝင်ဘာလ ၆ရက်နေ့ နောက်ဆုံးထားလျှောက် ထားရန် သတ်မှတ်ခဲ့သည်။
သို့သော် ယခုအခါ တင်ဒါလာ ရောက်လျှောက်ထားသည့် ကုမ္ပဏီ များနေဖြင့် ပိုမိုဝင်ပြိုင်နိုင်ရန်အ တွက် မြန်မာ့မီးရထားမှချမှတ်ထား သော စည်းမျဉ်း၊စည်းကမ်းများကို ပြန်လည်ပြင်ဆင်၊ ညှိနှိုင်းနိုင်ရန် အတွက် ဇန်နဝါရီ ၆ ရက် အထိ (နှစ်လ) နောက်ဆုတ်ခဲ့ကြောင်း ရထား ပို့ဆောင်ရေးဝန်ကြီးဌာနမှသိရသည်။
''ရန်ကုန်ဘူတာကြီးမှာ ဒီဇိုင်း ပုံထုတ်တာတွေ၊ တည်ဆောက်တာ တွေ၊ လုပ်ငန်းလည်ပတ်လုပ်ကိုင် လွှဲပြောင်းတဲ့လုပ်ငန်းများအတွက်တင်ဒါခေါ်ယူတာဖြစ်ပါတယ်'' ဟု မြန်မာ့မီးရထားမှတာဝန်ရှိသူက ဇန်နဝါရီ ၁ရရက်က ဒီမိုကရေစီတူ ဒေးသတင်းစာသို့ ပြောသည်။
ရန်ကုန်ဘူတာကြီး အဆင့်မြှင့်တင်ရန် ၂၀၁၄ခုနှစ် ဧပြီလ ၂၆ ရက်ကပထမအကြိမ် စတင်တင်ဒါ ခေါ်ခဲ့ရာ လျှောက်ထားလာသည့် ကုမ္ပဏီများမှာ တင်ဒါစည်းကမ်းများ နှင့် ကိုက်ညီမှုမရှိ၍ တင်ဒါကို ဇူ လိုင်လ ၂၃ ရက်က ဖျက်သိမ်းခဲ့ပြီး ဩဂုတ် ရ ရက်တွင် ဒုတိယအကြိမ် ထပ်မံတင်ဒါခေါ်ယူခဲ့ကြောင်း မြန်မာ့မီးရထားမှ သိရသည်။
ရထားလုပ်ငန်းနှင့် ဆက်စပ် လျက်ရှိသော စီးပွားရေးလုပ်ငန်းများ၊အထပ်မြင့်အဆောက်အုံများ၊ ဘက် စုံဖွံ့ဖြိုးရေးနှင့် ပို့ဆောင်ရေးစနစ်များ ပါဝင်သည့်စီမံကိန်းကို နိုင်ငံတကာ လုပ်ထုံးလုပ်နည်းအတိုင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်ဘူတာကြီးကို ၁၈၇ရ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး ရန်ကုန်ဘူတာကြီး၏ ဧရိယာနယ် မြေ ၆၃ ဒသမ ၆၂၂ ဧကပေါ်တွင်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း ကို အကောင်ထည်ဖော်ဆောင်ရွက် မည်ဖြစ်ကြောင်း သိရသည်။

Credit To >>> Yangon Media Group

0 comments:

Post a Comment