19.1.16

အီရန်အပေါ် ပိတ်ဆို့မှုများ ပယ်ဖျက်လိုက်ပြီးနောက် အာရှတွင် ရေနံတစ်စည် ဈေးနှုန်းမှာ ၂၈ ဒေါ်လာအောက်သို့ ကျဆင်း


ဈေးကွက်ထဲသို့ အီရန်ရေနံများ ပြန်ဝင်တော့မည်ဖြစ်ရာ ရေနံများ အလျှံပယ် ပိုမို ဖြစ်လာမည့် အရေးကို စိုးရိမ်မှုများကြောင့် အာရှ၌ ဘဲရင့် ရေနံအညွှန်းကိန်းသည် ၁၂ နှစ်ကျော်အတွင်း ပထမဆုံးအဖြစ် ရေနံတစ် စည်လျှင် ၂၈ ဒေါ်လာအောက်သို့ ကျဆင်းသွားခဲ့သည်။

နျူကလီးယား သဘောတူညီချက်အရ အမေရိကန်နှင့် ဥရောပ ခေါင်းဆောင်များသည် အီရန်အပေါ် ပိတ်ဆို့မှု များကို ဖယ်ရှားပေးလိုက်သည့်အတွက် နေ့စဉ်ရေနံစည် ပေါင်းသန်းဝက် ထွက်ရှိသည့် အီရန်သည် ဈေးကွက်ထဲသို့ ပြန်လည်ရောက်လာတော့မည် ဖြစ်သည်။  ၀ယ်လိုအား လျော့နည်းခြင်း၊ ကမ္ဘာ့စီးပွားရေး နှေးကွေးခြင်း၊ ဈေးကွက်ထဲ၌ ရေနံများ အလျှံပယ်ဖြစ်လာခြင်းတို့ကြောင့် ၂၀၁၄ ခု နှစ်လယ်ပိုင်းမှစ၍ ရေနံဈေးများသည် လေးပုံသုံးပုံအထိ ထိုးကျသွားခဲ့သည်။
မတ်လအတွက် ဘဲရင့် ရေနံအညွှန်းကိန်းတွင် ရေနံတစ်စည် ဈေးနှုန်းသည် ၂၇ ဒသမ ၆၇ ဒေါ်လာရှိနေပြီး ယင်းသည် ပြီးခဲ့သည့် သောကြာနေ့ကထက် ၄ ဒသမ ၄ ရာခိုင်နှုန်း ကျဆင်းသွားခြင်း ဖြစ်သည်။ ၂၀၀၃ ခုနှစ် နိုဝင်ဘာလကလည်း ဘဲရင့် ရေနံအညွှန်းကိန်းတွင် ယခုကဲ့သို့ ၂၈ ဒေါ်လာအောက်ဖြင့် ပိတ်ခဲ့ရဖူးသည်။
အီရန်ရေနံများသည် ဈေးကွက်ထဲသို့ လျင်မြန်စွာ ၀င်ရောက်လာသော်လည်း ၀ယ်သူများကို ပြန်လည်ရရှိရန် လိုအပ်နေသေးသည်ဟု ဆစ်ဒနီမှ ဈေးကွက် သုတေသီတစ်ဦးဖြစ်သည့် ရစ်စပွန်နာက ပြောကြားခဲ့သည်။ အီရန်၏ ရေနံတင်ပို့မှုသည် ကာလတိုအတွင်း တစ်နေ့လျှင် ရေနံစည် ၃၀၀၀၀၀ သို့ ရောက်ရှိလာနိုင်ပြီး ယခုနှစ်လယ်ပိုင်းသို့ ရောက်လျှင် စည်ပေါင်း ၅၀၀၀၀၀ အထိ မြင့် တက်လာနိုင်သည်ဟု စင်ကာပူဘဏ် DBS ထုတ်ပြန်ခဲ့သည်။    

Credit To >>> Eleven Media Group

0 comments:

Post a Comment