19.1.16

တပ်ကို ဝေဖန်သည့် ဒီချုပ်ကိုယ်စားလှယ်ဆွေးနွေးမှု တပ်ကိုယ်စားလှယ်များက ကန့်ကွက်သဖြင့် ဆွေးနွေးချက် ပယ်ဖျက်

တပ်ကို ဝေဖန် ဆွေးနွေးခဲ့သည့် ဒီချုပ်မှ လွှတ် တော်ကိုယ်စားလှယ် ဒေါက်တာ အောင်မိုးညို၏ ဆွေးနွေးချက်များ ကို တပ်မတော်သားကိုယ်စား လှယ်အစုအဖွဲ့က ကန့်ကွက်သ ဖြင့် ယင်းဆွေးနွေးချက်များကို လွှတ်တော်မှတ်တမ်းမှ ပယ်ဖျက် ခဲ့ကြောင်း သတင်းရရှိသည်။
ဇန်န၀ါရီ ၁၈ ရက်တွင် ပြု လုပ်သော ပြည်ထောင်စုလွှတ် တော်အစည်းအဝေး၌ လွှတ်တော် နာယကသူရဦးရွှေမန်းက အဆိုပါ ကိစ္စရပ်နှင့် ပတ်သက်၍ နာယက ထံ တပ်မတော်သားအစုအဖွဲ့က ကန့်ကွက်စာတင်ပြထားသဖြင့် ယင်းကန့်ကွက်စာကို ဖတ်ကြားကာ ဆွေးနွေးချက်များ ပယ်ဖျက်ကြောင်း လွှတ်တော်သို့ အသိပေးခဲ့ခြင်းဖြစ်သည်။

ထိုကဲ့သို့ နာယက၏ဆုံးဖြတ် ချက်ကို မိမိအနေဖြင့် လက်ခံပြီး တစ်စုံတစ်ရာကန့်ကွက်သွားရန် မရှိကြောင်း ကာယကံရှင်အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ လွှတ်တော်ကိုယ်စားလှယ် ဒေါက် တာ အောင်မိုးညိုကပြောသည်။

အမျိုးသားပြန်လည်သင့် မြတ်ရေးကို ဒေါ်အောင်ဆန်းစု ကြည်က ဦးတည်လုပ်ဆောင်နေ သည့် ယခုအချိန်ကာလတွင် ဒေါက်တာ အောင်မိုးညို၏ ဆွေး နွေးချက်များသည် မပြောသင့်၊ မပြောထိုက်သည့် အကြောင်း ကိစ္စရပ်များဖြစ်ကြောင်း လွှတ် တော်ကိုယ်စားလှယ်အချို့က ပြောသည်။

ဇန်န၀ါရီ ၁၅ ရက်တွင် ကျင်း ပသော ပြည်ထောင်စုလွှတ်တော် ၌ ၂၀၁၆-၁၇ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်းဥပဒေကြမ်းကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဒေါက်တာအောင်မိုးညိုက ဆွေးနွေးရာတွင် ကာကွယ်ရေး အခန်းကဏ္ဍကို တင်ပြရာ၌ တပ် မတော်သားများ၏ ဆင်းရဲချို့တဲ့မှု ကို လွှတ်တော်သို့ တင်ပြခဲ့ခြင်း ဖြစ်သည်။ တပ်မတော်၏ စီးပွား ရေးလုပ်ငန်းတစ်ခုဖြစ်သော မြန် မာ့စီးပွားရေးဦးပိုင်လီမိတက်တွင် ပိုင်ဆိုင်မှုများစွာရှိနေသော်လည်း ယင်းမဲဆန္ဒနယ်ရှိ တပ်တွင်မသေရုံ တမည်စားသောက်နေရကြောင်း ပွင့်ဖြူမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်မိုးညိုက ဆိုသည်။

‘‘အထည်ချုပ်စက်ရုံလည်း မြန်မာ့စီးပွားရေးဦးပိုင်၊ လက်ပံ တောင်းတောင်စီမံကိန်းလည်း မြန်မာ့စီးပွားရေးဦးပိုင်၊ ကြယ်ငါး ပွင့် ပင်လယ်ကူးသင်္ဘောလိုင်း လည်း ဦးပိုင်စသဖြင့် ဦးပိုင်ပိုင်တာတွေ များသော်လည်း အောက်ခြေတပ်မတော်သားများရဲ့ လူမှု စီးပွားဘ၀ကို ဘယ်လောက်အထောက်အကူပြုနေသလဲ ကျွန်တော်မသိပါဘူး။ ကျွန်တော့်မဲဆန္ဒနယ်က တပ်မှာတော့ မသေရုံတမည်စားနေရပြီး အရှက်လုံရုံဝတ်ဆင်နေကြရပါတယ်။ ထင်းခွေစားတဲ့လူနဲ့၊ တောကြိုအုံကြား ကင်ပွန်းရွက်ခူးရောင်းတဲ့သူနဲ့ ဒီလိုမဖြစ်သင့်ပါဘူး’’ဟု ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်မိုးညိုက ပြောကြားခဲ့ခြင်းဖြစ်သည်။

‘‘ဒေါက်တာ အောင်မိုးညို၏ ဆွေးနွေးချက်များသည် အဖွဲ့အ စည်းတစ်ခု၏ ဂုဏ်သရေကို ထိ ခိုက်စေသော ဖော်ပြချက်ကြောင့် နည်းဥပဒေပုဒ်မ ၆၃(ဃ)ကို ဖောက်ဖျက်ကြောင်း တွေ့ရှိရပါ သည်။ သို့ပါ၍ ဒေါက်တာ အောင် မိုးညို၏ ဆွေးနွေးချက်များအား တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်အစုအဖွဲ့က ကန့် ကွက်ပါကြောင်း၊ ယင်းဆွေးနွေးခဲ့ သည့် ကာကွယ်ရေးအခန်းကဏ္ဍ နှင့် ပတ်သက်သည့် ဆွေးနွေးချက် များအား လွှတ်တော်မှတ်တမ်းမှ ပယ်ဖျက်ပေးနိုင်ပါရန် တင်ပြအပ် ပါသည်ဆိုပြီး ကန့်ကွက်လွှာပို့ပါ တယ်။ ကန့်ကွက်လွှာပါ အ ကြောင်းအရာ ကိစ္စရပ်များကို လွှတ်တော်မှတ်တမ်းက ပယ်ဖျက်မည်ဖြစ်ပါတယ်’’ဟု ပြည်ထောင် စုလွှတ်တော်နာယက သူရဦးရွှေ မန်းက ပြောသည်။

Credit To >>> 7Day News

0 comments:

Post a Comment