24.3.16

ရေတပ်ကွန်မန်ဒိုအဖြစ် အသုံးပြုရန် လင်းပိုင်များ ရုရှားဝယ်ယူမည်

ရေတပ်တိုက်ခိုက်ရေး ကွန်မန်ဒိုများအဖြစ် လင်းပိုင်တွေကိုသုံးဖို့ ရုရှားရေတပ်ကတော့ လုပ်နေပါပြီ။ စစ်ရေးလေ့ကျင့်ခန်းတွေ လုပ်ပေးဖို့အတွက် လင်းပိုင်အကောင်တွေ ထပ်ပြီးဝယ်ဖို့ ရုရှားစစ်တပ်က ပြင်နေပါပြီ။

၁၉၆၅ ခုနှစ်ကတည်းက လင်းပိုင်လေ့ကျင့်ရေးစခန်း ရှိတဲ့ ကရိုင်းမီးယားက ရုရှားရေတပ်စခန်းဆီကို လင်းပိုင်တွေ ပို့ဖို့အတွက် အစီရင်ခံစာ တစ်စောင် ထွက်ပေါ်လာခဲ့ပါတယ်။

ကရိုင်းမီးယားက ရုရှားလက်အောက် ကို ၂ဝ၁၄မှာ ရောက်သွားပြီးတဲ့နောက် သူတို့ လင်းပိုင်တွေကို ပြန်ပေးဖို့ ယူကရိန်းစစ်ခေါင်းဆောင်တွေက ပြန်လည်တောင်းဆိုခဲ့ဖူးပါတယ်။ အမေရိကန်စစ်တပ်တော့ ရေအောက်မိုင်းတွေကိုရှာတဲ့ စစ်ဆင်ရေးတွေမှာ သုံးတဲ့ လင်းပိုင်လေ့ကျင့်ရေး အစီအစဉ်တွေကို ရပ်နားထားလိုက်ပြီလို့ ၂ဝ၁၂ မှာ ကြေညာလိုက်ပါတယ်။

စစ်ရေးအသုံးပြုတဲ့ လင်းပိုင်တွေဟာ အကျဉ်းအကျပ်ထဲမှာ နေရတာမို့ စိတ်ဖိုစီးမှုတွေ အလွန်များပါတယ်။ တချို့ကတော့ ငါးပြတိုက်တွေ၊ လင်းပိုင်စခန်းတွေမှာ နေရပေမယ့် သဘာဝအတိုင်းနေရတဲ့ လင်းပိုင်တွေလောက် လွတ်လပ်မှုမရှိပါဘူး။

ဒါကြောင့် လူတွေရဲ့ စောင့်ရှောက်လေ့ကျင့်မှုအောက်မှာ နေရတဲ့ လင်းပိုင်တွေဟာ ပင်လယ်ထဲက အကောင်တွေလောက် အသက်မရှည်ကြပါဘူး။

ရောဂါလည်း ပိုမိုအရလွယ်ကြပြီး အချို့ဆို စစ်ရေးလေ့ကျင့်မှုတွေမှာ သေဆုံးကြရပါတယ်။

လူတွေဟာ သူတို့ရဲ့ ပဋိပက္ခတွေမှာ အကောင်ဗလောင်လေးတွေကိုပါ ဆွဲထည့်ကြတော့ သိပ်မကောင်းဘူးထင်တယ်။ ဒါပေမယ့် လင်းပိုင် ရမ်ဘို တွေတော့ လာပါတော့မယ်။ 
 Credit To >>> The Voice Weekly

0 comments:

Post a Comment