24.3.16

ခုံးကျော်တံတားနှစ်စင်း တည်ဆောက်မည့်ဘတ်ဂျက် ရန်ကုန်စည်ပင် ပြင်ပလမ်းများ တည်ဆောက်ရေးအတွက် ခွဲဝေချပေးသင့်ဟု အကြံပြု

ခုံးကျော်တံတားနှစ်စင်း တည်ဆောက်မည့်ဘတ်ဂျက် ရန်ကုန်စည်ပင် ပြင်ပလမ်းများ တည်ဆောက်ရေးအတွက် ခွဲဝေချပေးသင့်ဟု အကြံပြု
၂ဝ၁၆ - ၂ဝ၁၇ ဘဏ္ဍာရေးနှစ်တွင် ခုံးကျော်တံတား နှစ်စင်း တည်ဆောက်ရန်လျာထား သည့်ဘတ်ဂျက်များကို ခုံးကျော် တံတားဆောက်လုပ်ရေးထက် ရန် ကုန်စည်ပင် နယ်နိမိတ်ပြင်ပ ရှိ ကျေးလက်နှင့် မြို့နယ်ဆက်သွယ်ရေးလမ်းများ တည်ဆောက်ရေးအတွက် ခွဲဝေချထားသင့်ကြောင်း ဘဏ္ဍာ ရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီကတိုင်းဒေသကြီး လွှတ်တော်သို့ တင်သွင်းသည့် အစီရင်ခံစာတွင် အကြံပြု တင်ပြလိုက်သည်။

၂ဝ၁၆ ခုနှစ် ရန်ကုန်တိုင်းဒေသ ကြီး၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းနှင့် ပတ်သက်သည့် ဘဏ္ဍာရေး၊ စီမံကိန်းနှင့်စီးပွားရေး ကော်မတီ၏ သုံးသပ်ချက်အစီရင် ခံစာကို မတ်လ ၂၂ ရက်နေ့တွင် ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးသို့တင် သွင်းလိုက်ခြင်းဖြစ်သည်။

ဘဏ္ဍာရေး၊ စီမံကိန်း နှင့် စီးပွားရေးကော်မတီ အတွင်းရေးမှူး ဦးကျော်ဇေယျက ''ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ရဲ့ ငွေလုံးငွေ ရင်းအသုံးစရိတ်များကို ကြည့်ရင် ပြည်သူအတွက် အရေး ကြီးတဲ့ လုပ်ငန်းများမှာ အများဆုံးအသုံး ပြုရမယ့်အစား ဆောက်လုပ်ရေးလုပ် ငန်းများဖြစ်တဲ့ ခုံးကျော်တံတား ဆောက်လုပ်ခြင်း လုပ်ငန်းများမှာသာ အများဆုံးအသုံးပြုထားတာ ကို ပြန်လည် စဉ်းစားသုံးသပ်သင့် ပါတယ်''ဟု ပြောကြားခဲ့သည်။

ကမ္ဘာအေးဘုရားလမ်း နှင့် ပါရမီလမ်းဆုံတွင် ၁၅ ဒသမ ၇၅ ဘီလီယံတန်ဖိုးရှိ ခုံးကျော်တံတား တစ်စင်းတည်ဆောက်ရန်နှင့် မြောက်ဥက္ကလာပမြို့နယ်၊ မြောက် ဥက္ကလာလမ်းဆုံတွင် ၁၆ ဒသမ ၄၅ ဘီလီယံတန်ဖိုးရှိ ခုံးကျော်တံတား တစ်စင်းတည်ဆောက်ရန် လျာထား ကြောင်းပါဝင်သည့် ၂ဝ၁၆ ခုနှစ် ရန်ကုန်တိုင်းဒေသကြီး၏ ဘဏ္ဍာ ငွေအရ အသုံးဆိုင်ရာဥပဒေကြမ်း ကို ဖေဖော်ဝါရီလတွင်ပြုလုပ်ခဲ့ သည့် တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေး၌ ဘဏ္ဍာရေးဝန် ကြီးမှ အစိုးရအဖွဲ့ကိုယ်စားလွှတ် တော်သို့ တင်သွင်းခဲ့ခြင်းဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီး၏ ငွေ လုံးငွေရင်းအသုံးစရိတ် ထက်ဝက် ကျော်မှာရေပေးဝေရေး အသုံးစရိတ် များတွင် တောင်းခံထားသည့်အ တွက် ရန်ကုန်တိုင်းဒေသကြီးအတွင်း ရှိမြို့နယ်များ တွင် သောက်သုံးရေ ပြတ်လပ်မှုမရှိစေရေးနှင့်  စနစ်တကျ ရေပေးဝေရေးလုပ်ငန်းများ ဆောင် ရွက်နိုင်ရန်ရေပိုက်များ အသစ်လဲ လှယ်တိုးချဲ့ ပြင်ဆင်သင့်ကြောင်း၊ ရန်ကုန်မြို့တော် စည်ပင် သာယာ ရေးအဖွဲ့၏ကုန်ကျငွေများမှာ တစ် နှစ်ထက်တစ်နှစ် တိုးလာသည့်အတွက် ကုန်ကျငွေများမှာ ပြည်သူ့အတွက် အမှန်တကယ် အကျိုးရှိသောခံစား ခွင့်များဖြစ်ရန် လိုအပ်ကြောင်း လည်း အစီရင်ခံစာတွင် အကြံပြုတင်ပြ ထားသည်။

ကိုကိုးကျွန်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၂) ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကိုယ်စား လှယ်ဦးတင်ဝင်းက ''ဒီဘတ်ဂျက်က နောက်လာမယ့် အစိုးရအဆင်သင့် သုံးနိုင်အောင် လုပ်ပေးတဲ့ ဘတ်ဂျက်ပဲ။ ပြီးခဲ့တဲ့အစိုးရကတော့ ၁ ရက် နေ့ကစပြီးတော့ နောက်လာမယ့် အစိုးရက ဒီဘက်မှာအတည်ပြု လိုက်ရင် အဆင်သင့်သုံးလို့ရအောင် သေချာစီမံပေးခဲ့တာပါ။ အားနည်း ချက်ကတော့ နေရာတိုင်းမှာရှိမှာပဲ။အားနည်းချက်၊ အားသာချက်က တော့ရှိမှာပဲ။ ဒါပေမဲ့အားလုံးက တော့ စေတနာထားပြီးလုပ်ခဲ့တာပါ ပဲ။ လိုအပ်ချက်ရှိခဲ့တာတွေအားလုံး ကို လိုက်လံကြည့်ရှုပြီးဆောင်ရွက် ခဲ့တာချည်းပါပဲ''ဟု ပြောသည်။

၂ဝ၁၆ ခုနှစ် ရန်ကုန်တိုင်းဒေသ ကြီး၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းနှင့်ပတ်သက်ပြီး ဘဏ္ဍာ ရေး၊ စီမံကိန်းနှင့်စီးပွားရေးကော်မတီ ၏သုံးသပ်ချက်အစီရင်ခံစာကို မတ် လ ၂၅ ရက်နေ့တွင် ပြုလုပ်မည့် လွှတ်တော်အစည်းအဝေး၌ ဆွေး နွေးသွားမည်ဖြစ်ကြောင်း လွှတ်တော် ဥက္ကဋ္ဌက ကြေညာခဲ့သည်။  
Credit To >>> Yangon Media Group

0 comments:

Post a Comment