14.3.16

ညောင်ဦးခရိုင် မြစ်ရေတင်စီမံကိန်းမှ နွေသီးနှံ စိုက်ဧက ၃၁၂၀ ရေပေးဝေ မည်


မြန်မာနိုင်ငံအလယ်ပိုင်း မိုးနည်းရပ်ဝန်းဒေသဖြစ်သည့် မန္တလေး တိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦး မြို့နယ်၌ မိုးမရွာသောကြောင့် သီးနှံများ ဆုံးရှုံးပျက်စီးခဲ့ရသည်။
ထို့ကြောင့် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ညောင်ဦးခရိုင်အတွင်းရှိ ကျေးရွာများအ တွက် မြစ်ရေတင် လုပ်ငန်းများနှင့် ရေတွင်း ရေကန် တူးဖော်ခြင်း လုပ်ငန်း များကို ၁၉၉၅ ခုနှစ်က စတင် ဆောင်ရွက်ခဲ့သည်။
ညောင်ဦးခရိုင်၌ တစ်နှစ်လုံး ပျှမ်းမျှ မိုးရေချိန်လက်မ ၂၀ ကျော်သာ ရွာသွန်းသည့် အတွက် မြစ်ရေတင်စနစ်ကို အားထား၍ မိုးစပါး၊ နွေစပါးနှင့် အခြားသီးနှံများကို စိုက်ပျိုးကြရသည်။ ညောင်ဦးခရိုင်အတွင်း မြစ်ရေတင် စနစ်ဖြင့် ရေပေးဝေလျက် ရှိသည့် လုပ်ငန်းကြီးငါးခုမှာ ငါ့သရောက် မြစ်ရေ တင်၊ လက်ပန်ခြေပေါ် မြစ်ရေတင်၊ သူကောင်းတည် မြစ်ရေတင် ၊ ကျောက်ကူး မြစ်ရေတင်နှင့် လောကနန္ဒာ မြစ်ရေတင် လုပ်ငန်းများ ဖြစ် သည်။
မြစ်ရေများကို ထပ်ဆင့်ရေတင်စခန်း ၁၇ ဆင့်ဖြင့် ရေတင်ပေးလျက်ရှိရာ ပင်မမြောင်း ၁၀ ဒသမ ၆၈ မိုင်နှင့် လက်တံမြောင်း ၁၉ ဒသမ ၆ မိုင် အရှည်ဖြင့် ရေစုပ်စက် အလုံး ၇၀၊ ထရန်စဖော်မာ ၁၉ လုံး အသုံးပြု ၍ ဖြန့်ဖြူး ပေးဝေမှုကြောင့် မိုးစပါး၊ နွေစပါးနှင့် အခြားသီးနှံများ စိုက်ပျိုးနိုင် ခဲ့ကြောင်း၊ ငါ့သရောက် မြစ်ရေတင် ကန်များကိုလည်း ရေတိုးမြှင့် ပေးစေ လိုကြောင်း အဆိုပါ ကျေးလက်ဒေသခံ တစ်ဦးက ပြောသည်။
"ညောင်ဦးခရိုင် ညောင်ဦး မြို့နယ်မှာ အသားတင် စိုက်ပျိုးနိုင်တဲ့ မြေမှာ ၁၆၁၀၂၅ ဧကရှိပြီး လယ်မြေ ၂၅၆ ဧက၊ ယာမြေ ၁၅၃၅၂၃ ဧက၊ ကိုင်းကျွန်းမြေ ၇၀၄၁ ဧက၊ ဥယျာဉ်မြေ ၂၀၅ ဧက ရှိပါတယ် ။ ညောင်ဦးမြို့ ရှိ မြစ်ရေတင် လုပ်ငန်းအလိုက် ၂၀၁၅- ၂၀၁၆ ခုနှစ် မိုးသီးနှံများဖြစ်တဲ့ မိုးစပါး ၂၄၅၅ ဧက၊ မိုးပဲတီစိမ်း ၂၇၈၅ ဧက၊ မိုးမြေပဲ ဧက ၁၁၈၀ ကိုလည်း မြစ်ရေတင်စနစ်နဲ့ စိုက်ပျိုးနိုင်ခဲ့ပါတယ်။ အခု ၂၀၁၆-၂၀၁၇ ခုနှစ် နွေသီးနှံများ စိုက်ပျိုးနိုင်ရန် ဆောင်ရွက်နေပါတယ်" ဟု ခရိုင် စိုက်ပျိုးရေး ဦးစီးဌာန ဦးစီးမှူး ဦးဌေးနိုင်က ပြောကြားသည်။

Credit To >>> The Mirror Daily

0 comments:

Post a Comment