5.3.16

ထိုင်းမှာ အဆိုးဝါးဆုံး ရေပြတ်လပ်မှု ကြုံတွေ့နေကြောင်း သတိပေး



ထိုင်းနိုင်ငံမှာ တနိုင်ငံလုံးသုံးစွဲနိုင်မယ့် ရေလုံလောက်မှု မရှိတော့ တဲ့အကြောင်း ထိုင်းရုပ်သံ သတင်းတွေမှာ နေ့စဉ်ကြေညာနေပါတယ်။ ထိုင်းနိုင်ငံထဲမှာ ရှိတဲ့ ရေလှောင်ဆည်တွေဟာ တဖြည်း ဖြည်း ရေလျှော့နည်းလာတာကြောင့် မိုးမရွာမချင်း ရေကို လုံလုံလောက်လောက် သုံးစွဲနိုင်ဖို့အတွက် မသေချာဘူးလို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

ထိုင်းနိုင်ငံ အလယ်ပိုင်းဒေသတချို့မှာ ရေလှောင်ကန်တွေ ခန်းခြောက် လာတဲ့အတွက် လယ်သမားတွေ အခက်ခဲ ကြုံတွေ့နေကြပါတယ်။ အဲဒီ ဒေသတွေမှာ အစိုးရ တာဝန်ရှိသူတွေက အဝီစိတွင်းတွေ တူးပေးနေရပါတယ်။
ယခင်နှစ်တွေက ရေပြတ်လပ်မှုထက် ဒီ ၂၀၁၆ ရေပြတ်လပ်မှုဟာ ထိုင်းနိုင်ငံအတွက် အဆိုးဝါးဆုံးနှစ် ဖြစ်တယ်လို့ ကြေညာထားပါတယ်။ ဒါကြောင့် လာမယ့်မိုးရာသီမတိုင်ခင်၂ လအတွင်း ရေကို စနစ်တကျ ချွေတာသုံးစွဲ ဖို့ကို လေးလေးနက်နက် တိုက်တွန်းနိုးဆော်ထားပါတယ်။
သင်္ကြန်ကာလအတွင်းမှာလည်း ရေကို အလဟဿ မဖြစ်စေဖို့ ကို ကြေညာချက်မှာ ထည့်သွင်းပြောဆို ထားပါတယ်။ သင်္ကြန်စည်ကားတဲ့ ချင်းမိုင်မြို့မှာ မြို့တွင်းက ကျုံးရေကို ရေစုပ်စက်တွေနဲ့ စုပ်ယူအသုံး မပြုကြဖို့၊ ရေပိုက်လုံးကြီးတွေ သွယ်ပြီး ရေကစားတာတွေကိုလည်း ကြိုတင်တားမြစ်ထားပြီ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံမှာ နွေရာသီရောက်တိုင်း ရေခန်းခြောက်မှုတွေနဲ့ ကြုံတွေ့နေကြတာ ဆယ်စုနှစ်နီးပါး ရှိနေပြီ ဖြစ်ပါတယ်။

Credit TO >>> Irrawaddy News 

0 comments:

Post a Comment