8.3.16

ကော့ သောင်း ခ ရိုင် ကမ်း ရိုး တန်း ဒေ သ အ တွင်း သို့ ခ ရီး သွား ဧည့်သည်များ လာရောက် လည်ပတ်မှု ပိုမို များပြား


မြန်မာနိုင်ငံသည် ပြောင်းလဲလာသော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အခြေအနေများနှင့် သွားလာရေး အဆင်ပြေချောမွေ့ အောင် လမ်း၊တံတားများ တိုးချဲ့တည်ဆောက် ပြုပြင်မှုများကြောင့် ခရီးသွားလုပ်ငန်း နယ်ပယ် တွင် နိုင်ငံခြားသား ခရီးသွား ဧည့်သည်များအတွက် လာရောက်လည်ပတ်ရန် ဆွဲဆောင်မှု အားကောင်းသည့် ခရီးစဉ်ဒေသ တစ်ခုအသွင်အဖြစ် ထင်ရှားလျက်ရှိသည်။

ခရီးသွားဧည့်သည်များသည် မြိတ်ကျွန်းစု ဒေသအတွင်း စက်တပ်ရွက်လှေများဖြင့် လှည့်လည်လည်ပတ် ကြည့်ရှုခြင်း အား ဖြေလျှော့ခွင့်ပြုပေးခဲ့ခြင်းကြောင့် တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့တွင် ပြည်ပခရီးသွား ဧည့်သည်များ သာမ က ပြည်တွင်းခရီးသွား ဧည့်သည်များပါ တစ်လထက်တစ်လ တိုးတက် ဝင်ရောက်လျက်ရှိရာ ၂ဝ၁၅ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအတွင်း နိုင်ငံခြားသား ခရီးသွားဧည့်သည် ၂၇ဝ၅၇၃ဦး ဝင်ရောက်ခဲ့ပြီး အပျော်စီးစက်တပ်ရွက်လှေ ခရီးစဉ်အနေဖြင့် ခရီးသွားဧည့်သည် ၃၂၄၈ ဦး ဝင်ရောက် လည်ပတ်ခဲ့သည်။

ပထဝီအနေအထား သတ်မှတ်ချက်အရ ဧရိယာစတုရန်း မိုင်ပေါင်း ၁၁၃၂ဝ ကျယ်ဝန်း ပြီး ပင်လယ်ပြင်မှာ ကျွန်းကြီးရှစ်ကျွန်းနှင့် ကျွန်းလတ်၊ ကျွန်းငယ်ပေါင်း ၇၉၅ ကျွန်း စုစုပေါင်း ၈ဝ၃ ကျွန်းနှင့်ဖွဲ့စည်းထားပြီး သွားလာလည်ပတ်ရန် အကောင်းဆုံး ကျွန်းများ အနေဖြင့် ကြက်မောက်ကျွန်း၊ အနောက်ကျွန်းနီကျွန်း၊ ခရင်းခွကျွန်း၊ ကျွန်းဖီလာကျွန်း၊ မြောက်တော်ဝင်ကျွန်း၊ အမှတ် ၁၁၅ ကျွန်း၊ ညောင်ဝှီး ကျွန်း၊ ဘိုချိုကျွန်း၊ လန်ပိကျွန်း၊ ကျောက်သင်ပုန်းကျွန်း၊ဝအလယ်ကျွန်း၊ နတ်သမီးရေတွင်းကျွန်းတို့ဖြစ်ပြီး အဆိုပါကျွန်းများအတွင်း ခရီးသွား ဧည့်သည်များအနေဖြင့် ရေငုပ်ခြင်း၊ ရေအောက်ကြည့်ရှုခြင်း၊ ရွတ်လွှင့်ခြင်း၊ လှေလှော်ခြင်း၊ ငှက်ကြည့်ခြင်း၊ ဆလုံလူမျိုးယဉ်ကျေးမှုနှင့် လမုတောများကြည့်ရှုခြင်း၊ တောတွင်း လမ်းလျှောက်ခြင်းများကို ဆောင်ရွက်နိုင် မည် ဖြစ်သည်။

၂ဝ၁၆ ခုနှစ် ဇန်နဝါရီလအတွင်း အပျော်စီး စက်တပ်ရွက်လှေဖြင့် ဝင်ရောက်လာသော ခရီးသွားဧည့်သည် ၇၁၃ ဦးရှိခဲ့ပြီး ဇန်နဝါရီ ၃ဝ ရက် တစ်နေ့တည်းတွင် စက်တပ်ရွက်လှေ ၁၂ စင်းဖြင့် ခရီးသွားဧည့်သည် စုစုပေါင်း ၉၂ ဦး လာရောက်လည်ပတ်ခဲ့ရာ စက်တပ်ရွက်လှေခရီးစဉ်ဖြင့် လာရောက်လည်ပတ်သော ခရီးစဉ်များအတွင်း ခရီးသည်ဝင်ရောက်မှု အများဆုံးနေ့တစ်နေ့ ဖြစ်ခဲ့သည်။

Credit To >>> မြဝတီ

0 comments:

Post a Comment