8.3.16

နိုင်ငံတကာအမျိုးသမီးများနေ့တွင် Lydia က အမျိုးသမီးများကို Taxi အခမဲ့စီးနင်းခွင့်ပြု


ယနေ့(မတ်လ ၈ ရက်)တွင် ကျရောက်သော နိုင်ငံတကာအမျိုးသမီးများနေ့ကို ဂုဏ်ပြုသည့်အနေဖြင့် လေဒီယာ(Lydia)ဆေးကုမ္ပဏီက အမျိုးသမီးခရီးသည်များကို အငှားယာဉ်(Taxi) အခမဲ့စီးနင်းခွင့်ပြုထားကြောင်း The Voice သတင်းထောက်က သတင်းပေးပို့သည်။

ရန်ကုန်မြို့တွင်းသွားလာမှုအတွက် Taxi ၁၅ စီးဖြင့် ပြေးဆွဲပေးနေခြင်ဖြစ်ပြီး အမျိုးသမီးများကို အခမဲ့လိုက်ပါစီးနင်းခွင့်ပြုထားကာ အမျိုးသားများကို ဈေးနှုန်းထက်ဝက်လျှော့ချပေးထားသည်။
Lydia အမှတ်တံဆိပ် စတစ်ကာကပ်ထားသည့် Taxi များဖြင့် အမျိုးသမီးယာဉ်မောင်းများက မောင်းနှင်ပေးခြင်းဖြစ်သည်။

Credit To >>> The Vocie 

0 comments:

Post a Comment