27.4.16

သူရဦးရွှေမန်း၏ ပြောကြားချက်ကို တပ်မတော်သတင်းမှန်ပြန်ကြားရေး အဖွဲ့က ကန့်ကွက်

သူရဦးရွှေမန်း၏ "စစ်တက္ကသိုလ်ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၁၁) ၏ (၄၇)နှစ်မြောက် ကျောင်းဆင်းပွဲနေ့ မေတ္တာမွန်” စာလွှာပါ ပြောကြားချက် များနှင့်ပတ်သက်၍ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ကန့်ကွက်ကြောင်း ထုတ်ပြန်ချက်တစ်စောင်ကို ယနေ့(ဧပြီ ၂၆ ရက်) ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည်။

"သူရဦးရွှေမန်း၏ တရားဝင် အင်တာနက်လူမှုကွန်ရက်စာမျက်နှာ၌ ရေး သားဖော်ပြချက်များနှင့် သတင်းစာ၊ ဂျာနယ်အချို့တွင် ထပ်ဆင့်ရေး သား ဖော်ပြချက်များသည် နိုင်ငံနှင့် ပြည်သူလူထု၏ အကျိုးစီးပွား ကို ဖော်ဆောင်နိုင်ခြင်းမရှိဘဲ တပ်မတော်ပြိုကွဲရေး၊ အစိုးရအဆက်ဆက် ၏ နိုင်ငံတော်အတွက် လုပ်ဆောင်ချက်များနှင့် တပ်မတော်၏ ရပ်တည်ချက်၊ လုပ်ဆောင်ချက်များအပေါ် ပြည်သူများက အထင်မှား အမြင်မှား ဖြစ်စေနိုင်ပြီး အမျိုးသားပြန်လည်ရင်ကြားစေ့ရေး ရည်မှန်းချက်ကို ထိခိုက်စေနိုင်သည့်အ တွက် ကန့်ကွက်ပါကြောင်း"ဟု အဆိုပါထုတ်ပြန်ချက်၏ နိဂုံးပိုဒ်တွင် ကန့်ကွက်ကြောင်းကို ဖော်ပြထားသည်။
တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ ထုတ်ပြန်ချက်အပြည့်အစုံမှာ -
၁။ ဧပြီ ၂၃ ရက်နေ့တွင် ကျရောက်သည့် စစ်တက္ကသိုလ် ဗိုလ်လောင်းသင် တန်း အမှတ်စဉ်(၁၁)၏ (၄၇)နှစ်မြောက် ကျောင်းဆင်းပွဲနှစ်ပတ်လည် အထိမ်းအမှတ် မေတ္တာမွန်စာလွှာကို ဗိုလ်ချုပ်ကြီးဟောင်း သူရဦးရွှေမန်း၏ တရားဝင် အင်တာနက်လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြခဲ့သလို ၄င်း မေတ္တာမွန်စာလွှာ အပေါ်မူတည်၍ သတင်းစာ၊ ဂျာနယ်အချို့တွင် ထပ်မံထည့်သွင်းရေးသား ဖော်ပြခဲ့ကြပါသည်။
၂။ အဆိုပါစာပါ ညီနောင်များ(အမေ့သား)သည် စစ်တက္ကသိုလ်ကျောင်း ဆင်းများကိုသာ သီးသန့်ရည်ညွှန်းသည့် သဘော သက်ရောက်စေသည့် အတွက် လက်ရှိတာဝန်ထမ်းဆောင်လျက်ရှိသည့် တပ်မတော်(ကြည်း၊ ရေ၊ လေ) အရာရှိများ၊ အငြိမ်းစားယူပြီးကြသော တပ်မတော်( ကြည်း၊ ရေ၊ လေ) အရာရှိများနှင့် စစ်မှုထမ်း(လက်ရှိ/အငြိမ်းစား) များအားလုံးအတွက် သွေးကွဲစေပြီး တပ်မတော်ပြိုကွဲရေးကိုပါ ဦးတည် သက်ရောက်စေသည်ကို တွေ့ရှိရပါသည်။
၃။ ပြည်သူများက ရွေးချယ်တာဝန်ပေးအပ်ထားသော အစိုးရအဖွဲ့က တာဝန် ယူ၊ တာဝန်ခံဆောင်ရွက်နေပြီး ထိုအစိုးရအဖွဲ့သည် နိုင်ငံတော်ကောင်းအောင် ပြည်သူ့အကျိုးစီးပွား ဖြစ် ထွန်းအောင် ဆောင်ရွက်မည်ဖြစ်ကြောင်း ဖော်ပြချက်သည် မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက် သမိုင်းကြောင်းအရ ပေါ်ပေါက်ခဲ့သော ရွေးချယ် တင်မြောက်ခံ အစိုးရများအပါအ၀င် အစိုးရအဆက်ဆက် လက်ထက် တွင် နိုင်ငံတော်နှင့် ပြည်သူ့အတွက် မည်သည့်အကျိုးစီးပွား ကိုမျှ ဖော်ဆောင် လုပ်ကိုင်ပေးခဲ့ခြင်း မရှိသည့်သဘော သက်ရောက် စေသည်ကို တွေ့ရှိရပါ သည်။
၎။ တို့ညီနောင်များကလည်း ဝမ်းမြောက်ဝမ်းသာ မုဒိတာတရားဖြင့် ပူးပေါင်းဆောင်ရွက်ရမည့် အချိန်အခါ ကောင်းဖြစ်ပါသည် ဟူသော ဖော်ပြချက် ၌ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ မကျင်းပမီကာလနှင့် ရွေးကောက်ပြီး အစိုးရအဖွဲ့ဖွဲ့စည်းသည့် ကာလတစ်လျှောက်တွင် တပ်မတော်သည် ပြည်သူ များက ရွေးချယ်သော အစိုးရအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု အစဉ်တစ်စိုက် ပြောဆို လုပ်ဆောင်ခဲ့သည် များကို လျစ်လျူရှုလျက် တပ်မတော် က ပူးပေါင်းဆောင်ရွက်မှု မရှိသယောင် မြှောက်ပင့်ပေးသည့် သဘောထားကို သက်ရောက်စေကြောင်း တွေ့ရှိရပါသည်။
၅။ သို့ဖြစ်ပါ၍ သူရဦးရွှေမန်း၏ တရားဝင် အင်တာနက်လူမှုကွန်ရက်စာမျက်နှာ ၌ ရေးသားဖော်ပြချက် များနှင့် သတင်းစာ၊ ဂျာနယ်အချို့တွင် ထပ်ဆင့်ရေး သား ဖော်ပြချက်များသည် နိုင်ငံနှင့် ပြည်သူလူထု၏ အကျိုးစီးပွား ကို ဖော်ဆောင်နိုင်ခြင်းမရှိဘဲ တပ်မတော်ပြိုကွဲရေး၊ အစိုးရအဆက်ဆက် ၏ နိုင်ငံတော်အတွက် လုပ်ဆောင်ချက်များနှင့် တပ်မတော်၏ ရပ်တည်ချက်၊ လုပ်ဆောင်ချက်များအပေါ် ပြည်သူများက အထင်မှား အမြင်မှား ဖြစ်စေနိုင်ပြီး အမျိုးသားပြန်လည်ရင်ကြားစေ့ရေး ရည်မှန်းချက်ကို ထိခိုက်စေနိုင်သည့် အတွက် ကန့်ကွက်ပါကြောင်း ဖော်ပြအပ်ပါသည်။
Credit To >>> The Voice Weekly

0 comments:

Post a Comment