29.4.16

နယ်စပ်တွင် ပိတ်မိနေသော ကားအစီး ၁၅,၀၀၀ မေလ ၁ ရက်မှစ၍ ပြန်သွင်းခွင့်ပြု

နယ်စပ်မှ မော်တော် ယာဉ်နှင့် ယန္တရားတင်သွင်းမှုများ ကို ပိတ်ပင်ထား၍ နယ်စပ်တွင် ပိတ်မိနေသော ကားအစီး၁၅,၀၀၀တင်သွင်းခွင့်ကို မေလ ၁ ရက်မှစ၍ ပြန်လည်ခွင့်ပြုပေးမည်ဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက စာပို့လာကြောင်း မြန်မာနိုင်ငံမော်တော်ယာဉ်ထုတ်လုပ်သူများနှင့် ဖြန့်ဖြူးရောင်းချသူများ အသင်းဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက ပြောသည်။

ထိုသို့ခွင့်ပြုရာတွင်ပထမအ ဆင့်၌ လိုင်စင်ရှိပြီးသားကားနှင့် လယ်ယာသုံး ယာဉ်များကိုသာ ခွင့်ပြုမည်ဖြစ်ပြီး၊ လိုင်စင်သစ် လျှောက်ထားမှုကို လောလော ဆယ်ခွင့်မပြုသေးကြောင်း ၎င်းက ဆက်လက်ပြောသည်။
  ‘‘လိုင်စင်အသစ်ကတော့ လောလောဆယ် ခွင့်ပြုဦးမှာမ ဟုတ်ဘူး။ ဒါပေမဲ့ နောက်ပိုင်းမှာ ဆက်ပြီး ခွင့်ပြုနိုင်ပါတယ်’’ဟု ဒေါက်တာစိုးထွန်းက ပြောသည်။
ဖားကန့်ဒေသရှိ ကျောက် စိမ်းတူးဖော်ရေး လုပ်ကိုင်နေ သည့် လုပ်ငန်းရှင်အချို့သည်ကန်ပိုက်တီး နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှ တရားမ၀င်ယာဉ်နှင့် ယန္တရားများစွာတင်သွင်းခဲ့မှုကို မီဒီယာနှင့် ဒေသခံအရပ် ဘက်အဖွဲ့အစည်းများ၏ ဝေဖန် မှုကြောင့် ယခင်အစိုးရသည် ၂၀၁၆ ဇန်န၀ါရီလဆန်းတွင် နယ် စပ်မှယာဉ်နှင့် ယန္တရားများတင် သွင်းခွင့်ကို အမိန့်ထုတ်ပြန်ပြီး ရပ်ဆိုင်းခဲ့သည်။

 ထိုသို့ ပိတ်ပင်လိုက်သော ကြောင့် မူဆယ် ၁၀၅ မိုင် ကုန် သွယ်ရေးဇုန်၊ မြ၀တီကုန်သွယ် ရေးဇုန်တို့တွင် မော်တော်ယာဉ် အစီးရေ ၁၅,၀၀၀ ကျော် ပိတ်မိ နေသည်။ အဆိုပါမော်တော်ယာဉ် များသည် အကောက်အခွန်ကင်း ရှင်းရေးမဆောင်ရွက်နိုင်သဖြင့် နယ်စပ်ကုန်သွယ်ရေးဇုန်များရှိ ဂိုဒေါင်များထဲတွင်သာ ထားခဲ့ရ ခြင်းဖြစ်သည်။  ယင်းမော်တော် ယာဉ်များသည် စီးပွားကူးသန်းက တရားဝင်လိုင်စင်ချထားပေးပြီး ဖြစ်သောကြောင့် ပြန်လည်တင် သွင်းခွင့်ပြုရန် လုပ်ငန်းရှင်များက စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးကို ဧပြီလဆန်းပိုင်း တွင် တင်ပြတောင်းဆိုနေကြသည်။
နယ်စပ်တွင် ပိတ်မိနေသောကားများကို ယခင်အစိုးရလက်ထက်ကပင် ပြန်လည်ခွင့်ပြုပေးရန် ကြိုးစားခဲ့သော်လည်း စာရွက်စာတမ်းနှင့် လုပ်ငန်းစဉ်ကြန့်ကြာမှုများကြောင့် အချိန်အနည်းငယ်ပိုကြာခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမင်းမင်းကပြောသည်။
Credit To >>> 7 Day Daily 

0 comments:

Post a Comment