3.5.16

တပ်မတော် ပြိုကွဲစေရန် ခွဲထုတ်ဖြိုဖျက်ခြင်းများ နည်းလမ်းမျိုးစုံဖြင့်လုပ်နိုင်၍ သတိရှိရန် တပ်ချုပ်သတိပေး

တပ်မတော်ပြိုကွဲစေရန် ခွဲထုတ်ဖြိုဖျက်ခြင်းများ နည်းလမ်း မျိုးစုံဖြင့် လုပ်ဆောင်ပြီး တပ်မ တော်၏ စည်းလုံးညီညွတ်မှုပျက် ပြားစေရန် လုပ်ဆောင်လာနိုင်သ ဖြင့် သတိရှိကြရန် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီးမင်းအောင်လှိုင်က ပြော ကြားလိုက်သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်က မေလ၂ ရက်တွင် ရန်ကုန် တိုင်းစစ်ဌာနချုပ် အနော်ရထာ ခန်းမ၌ ရန်ကုန်တပ်နယ်ရှိ အရာ ရှိ၊ စစ်သည်မိသားစုများအားတွေ့ ဆုံအမှာစကားပြောကြားရာတွင် အထက်ပါအတိုင်း ထည့်သွင်း ပြောကြားခဲ့သည်။
လက်ရှိ လျှောက်လှမ်းနေ သည့် နိုင်ငံရေးစနစ်မှန်မှန်ကန် ကန်၊ ခိုင်ခိုင်မာမာရှိစေရန် နည်း လမ်းတကျပူးပေါင်းဆောင်ရွက် နေသော တပ်မတော်၏ရပ်တည် ချက်၊ လုပ်ဆောင်ချက်များအပေါ် အထင်အမြင် လွဲမှားသုံးသပ်သူအချို့သည် တပ်မတော် ပြိုကွဲ အောင်ခွဲထုတ်ဖြိုဖျက်ခြင်း နည်း လမ်းမျိုးစုံဖြင့် လုပ်ဆောင်ပြီး တပ်မတော် စည်းလုံးညီညွတ်မှု ပျက်ပြားအောင်၊ တပ်မတော် ‘အား’ ပျော့သွားအောင် လုပ် ဆောင်လာနိုင်သဖြင့် သတိတရား ရှိကြရန်နှင့် တပ်တွင်း စည်းလုံးညီညွတ်မှုကို အလေးထား လုပ် ဆောင်ရမည်ဖြစ်ကြောင်း တပ်မ တော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။
တပ်မတော်ကာကွယ်ရေးဦး စီးချုပ်က ၂၀၁၅ ရွေးကောက်ပွဲ တွင် ရွေးကောက်ပွဲအကြို၊ ရွေး ကောက်ပွဲနှင့် ရွေးကောက်ပွဲအ လွန်ကာလများ၌ မိမိတို့၏ အ ခြေခံသဘောထားရပ်တည်ချက် များကို ထုတ်ဖော်၍လွတ်လပ်ပြီး တရားမျှတမှုကို ဖော်ဆောင်ပြသ နိုင်ခြင်းမှာ တပ်မတော်၏ ဂုဏ် ပင်ဖြစ်ကြောင်းနှင့်ပါတီစုံဒီမိုက ရေစီ စနစ်၌ သက်တမ်းကာလ တစ်ခုအတွက် အစိုးရကို ပြည်သူ များ ဆန္ဒအရ မဲပေးရွေးချယ်ခဲ့ ကြောင်း၊ပြည်သူ့ဆန္ဒကို ဖြည့်စွမ်း နိုင်သော အစိုးရသည် ရေရှည်ခိုင် မြဲမည်ဖြစ်ကြောင်း ဆိုသည်။ ထို့ ကြောင့် ကမ္ဘာ့နိုင်ငံရေး ဇာတ်ခုံ တွင် အချို့နိုင်ငံရေးပါတီ၊ အစိုးရ များသည် သက်တမ်း နှစ်ကြိမ်၊ သုံးကြိမ်၊ လေးကြိမ် စသည်ဖြင့် ကြာရှည်ခိုင်မြဲပြီး အချို့မှာ သက် တမ်းကာလမပြည့်မီမှာပင် ကျရှုံးမှုများလည်းရှိကြောင်း ဆက် လက်ပြောကြားသည်။
နိုင်ငံ ဖြတ်သန်းနေရသည့် လက်ရှိ အခြေအနေတွင် တည် ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးဆိုင်ရာ လုပ်ဆောင်ရန် များစွာကျန်ရှိနေပြီး ဒီမိုကရေစီ စနစ်ကို လက်ခံခိုင်မြဲစေလိုပါက လက်နက်ကိုင်ပဋိပက္ခများ ချုပ် ငြိမ်းရေး၊ တရားဥပဒေလေးစား လိုက်နာရေး လုပ်ထုံးလုပ်နည်း များနှင့်အညီ လုပ်ကိုင်ရေးတို့ကို အလေးထားရမည်ဟု ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်က ဆို သည်။
အချို့တိုင်းရင်းသားလက် နက်ကိုင် အဖွဲ့အစည်းများသည် တိုင်းရင်းသားများ၏ အခွင့်အရေး တောင်းဆိုမှုအပေါ် မူတည်ဖြစ် ပေါ်လာသော်လည်း အချို့အဖွဲ့ အစည်းများသည် ဥပဒေတွင်ပြဋ္ဌာန်းပေးထားပြီးဖြစ်သည့် အချက်အလက်များကို မျက်ကွယ်ပြု၍ အတင်းတောင်းဆိုမှုများ ရှိကြောင်းနှင့် ယင်းအပေါ်တွင်အချို့အဖွဲ့အစည်းများက သွေးထိုးရန်တိုက်၍ အမုန်းတရားကြီးမားစေရန် လုပ်ဆောင်နေခြင်းသည် တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို မခိုင်မြဲစေရန် လုပ်ဆောင်နေခြင်းဖြစ်၍ များစွာအန္တရာယ်ကြီးမားကြောင်းလည်း ဆက်လက်ပြောကြားသည်။
ထိုသို့ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုကို ထိခိုက်စေမည့် ပြုမူ ပြောဆိုရေးသားလုပ်ဆောင်မှု များ မဖြစ်ပွားစေရန် ကြပ်မတ် ထိန်းသိမ်းရန် လိုအပ်ပြီး တပ်မ တော်သားစစ်မှုထမ်းများအနေ ဖြင့် တစ်ဦးချင်းကိုယ်ရေးကိုယ် တာကိစ္စရပ်များအပါအ၀င် ပြော ဆိုနေထိုင်လုပ်ကိုင်မှု အားလုံးကို စဉ်းစားဆင်ခြင်ထိန်းသိမ်းလုပ် ဆောင်ခြင်းဖြင့် ပြည်သူနှင့် စည်း လုံးညီညွတ်မှုခိုင်မာအောင် တည် ဆောက်ကြရန် တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်က တိုက်တွန်း ပြောကြားခဲ့သည်။
ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်ဟောင်း ဦးရဲထွန်းက ‘‘ဟိုတစ်လောက ဦးရွှေမန်း ဖေ့စ်ဘွတ်ခ်မှာရေးတာကို ရည်ညွှန်းတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်’’ဟု ခန့်မှန်းသည်။ ထို့အပြင် ဦးရဲထွန်းက ‘‘နိုင်ငံရေးပါတီတွေ ကို ရည်ညွှန်းပြောတာ NLD အ ပြင် တခြားတိုင်းရင်းသားပါတီ တွေကို ရည်ညွှန်းပြောတာလည်း ဖြစ်နိုင်ပါတယ်။ ဘာလို့လဲဆိုရင် NLD က ဖွဲ့စည်းပုံဥပဒေပြင်ဆင်မယ်ပြောတယ်။ ဒီမိုကရေစီ ဖက်ဒရယ်စနစ်သွားမယ်ပြော တယ်။ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့တွေကလည်း ဒီမိုကရေစီဖက်ဒရယ်စနစ်သွားမယ်ပြောတယ်။ အသေးစိတ်သဘောတူ၊ မတူ ရှင်းရှင်းလင်းလင်းမရှိသေး ပေမယ့် ယေဘုယျရည်ညွှန်းပြောတာလည်း ဖြစ်နိုင်ပါတယ်’’ဟု သုံးသပ်သည်။
Credit To >>> 7 Day Daily

0 comments:

Post a Comment