4.5.16

ပြည်မြို့၊ ရှေးဟောင်းကန်ဗြဲကြီးအနီး နေအိမ်ကျင်းတွင်းမှရရှိသည့် စိန်ပြောင်းအမြောက်ဗုံးသီး၏ အစိတ်ပိုင်း ပေါက်ကွဲမှုကြောင့် လူနှစ်ဦး လက်ချောင်းလေးများ ပြတ်ခြင်းနှင့် ထိခိုက်ဒဏ်ရာများရရှိ


ပဲခူးတိုင်းအနောက်ပိုင်းဒေသကြီး၊ ပြည်မြို့ ရှေးဟောင်းကန်ဗြဲကြီးအနီး နေအိမ်ကျင်းအတွင်းမှ ရရှိသည့် စိန်ပြောင်းအမြောက်ဗုံးသီး အစိတ်ပိုင်းပေါက်ကွဲမှုကြောင့် လူနှစ်ဦး လက်ချောင်းလေးများ ပြတ်ခြင်းနှင့် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
မေလ ၃ ရက်နေ့ညနေ ၃ နာရီခွဲခန့်က ပြည်မြို့၊ ရွှေတံခါးအပိုင်း(၄)၊ သရက်ခြံတောင်၊ ဦးမြင့်အေးနေအိမ်အတွင်း နေအိမ်ဆောက်စဉ် ကျင်းအတွင်းမှ တူးယူရရှိခဲ့သည့် လက်သမားသုံး ချိန်သီးအရွယ်အစားရှိ သံထည်အား ချိန်သီးအဖြစ် အသုံးပြုနေစဉ် သံချောင်းပြုတ်ထွက် ပေါက်ကွဲကာ ဦးသန်းဦး(၄၉) နှစ် ခြေသလုံးဒဏ်ရာရရှိ၊ ဦးသာကြူး(၄၉) နှစ် လက်ချောင်းလေးများပြတ် ဒဏ်ရာနှင့် ညာခြေသလုံး ယမ်းစထိမှန် ထိခိုက်ဒဏ်ရာများ အသီးသီး ရရှိခဲ့ကြောင်း စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည့် အမှတ် (၃) ရဲစခန်းမှ တာဝန်ကျရဲ အရာရှိက ပောသည်။

ယင်းရပ်ကွက်မှာ သရေခေတ္တရာ ရှေးဟောင်းဇုံ အတွင်းရှိကာ ကန်ဗြဲကြီးကန်မှာလည်း ရှေးဟောင်း ပျူလက်ထက် ကတည်းက တည်ရှိခဲ့ပြီး ယခုအချိန်တွင် ကန်ပတ်လည်၌ လူနေအိမ်များ ရောက်ရှိနေထိုင်လျက်ရှိကာ ကန်အတွင်းမှ စိန်ပြောင်း အမြောက်ဆံဟောင်းများ မကြာခဏ တွေ့ရှိရကြောင်း ဒေသခံများက ပြောဆိုသည်။


Credit To >>> Eleven Media Group

0 comments:

Post a Comment