16.6.16

ADB က မြန်မာနိုင်ငံကို နှစ်စဉ်ချေးငွေ (၂)ဆအထိ တိုးမြှင့်ချေးမည်

အာရှဖွံ့ဖြိုးရေးဘဏ်(ADB)က မြန်မာနိုင်ငံကိုနှစ်စဉ်လျှော့ဈေးနှုန်းနဲ့ ချေးနေတဲ့ချေးငွေကို (၂)ဆတိုးမြှင့်ချေးသွားမယ်လို့သိရပါတယ်။ ဘဏ်ဥက္ကဋ္ဌ တကဲဟိကိုနာကာအိုက မြန်မာနိုင်ငံကို ဇွန်လမှာလာရောက်လည်ပတ်ပြီးနောက်ပိုင်း မြန်မာနိုင်ငံကို (၂၀၁၇)ခုနှစ်ကစပြီး ချေးငွေ ပမာဏ ဒေါ်လာသန်း(၁၅၀)မှ သန်း(၃၅၀)အထိတိုးမြှင့်ပေးသွားမယ်လို့ ကြေညာလိုက်ပါတယ်။

မိမိအနေနဲ့ အစိုးရအသစ်ရဲ့ပြည်သူတွေအားလုံး စီးပွားရေးတိုးတက်မှုခံစားခွင့်ရရှိအောင် ကြိုးစားနေမှုအတွက်အလွန်သဘောကျအထင်ကြီးမိပါကြောင်း၊ ADB အနေနဲ့ ဒီကြိုးစား အားထုတ်မှုကို ပညာရေးမြှင့်တင်မှု၊ အလုပ်အကိုင်အခွင့်အလမ်း၊ အခြေခံအုတ်မြစ် မြှင့်တင်ရေးနဲ့ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုဆွဲဆောင်မှုတွေအားလုံး ထောက်ခံပေးသွားမှာ ဖြစ်ကြောင်း၊ ADB အနေနဲ့အဓိကကျတဲ့စွမ်းအင်ထုတ်လုပ်ရေးနဲ့ ဖြန့်ဖြူးရေး၊ လမ်းပန်းဆက်သွယ်ရေး၊ စိုက်ပျိုးရေး၊ ဆက်သွယ်ရေး၊ မြို့ပြအခြေခံအုတ်မြစ်နဲ့ ရေရရှိရေး၊သန့်ရှင်းရေးကဏ္ဍ စီမံကိန်းတွေမှာ ငွေကြေးထောက်ပံ့သွားမှာဖြစ်ကြောင်းနဲ့ နိုင်ငံဖွံ့ဖြိုးရေးအတွက် အဓိကကျတဲ့နေရာတွေမှာ ပြုပြင်ပြောင်းလဲမှုတွေလုပ်သွားဖို့ အလွန်အရေးပါကြောင်း ဥက္ကဋ္ဌနာကာအိုကပြောကြားတယ်လို့ Public International က သတင်းအရသိရပါတယ်။ ဒီသတင်းကို Central News Bureau က ပေးပို့တာဖြစ်ပါတယ်။

Credeit To >>> Central News Bureau

0 comments:

Post a Comment