17.6.16

မြန်မာရိုးရာ ပုသိမ်ထီးများကို ခရီးသွားနိုင်ငံခြားသားများစိတ်ဝင်တစားလေ့လာ



မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ်သည် ကျေးရွာအုပ်စု ၉၁ အုပ်စု ကျေးရွာပေါင်း ၂၂ဝ ရှိပြီး ဒေသခံပြည်သူများမှာ စိုက်ပျိုးရေး၊မွေးမြူများကိုလုပ်ကိုင်ကြသလို မိမိတိုတတ်ကျွမ်းသော လက်မူပညာများဖြင့် တောင်ယာသုံးပစ္စည်း များ၊ ပန်းချီ၊ ပန်းပုများကို ပြုလုပ်ရောင်းချကြသည်။ လက်မူပညာတစ်ခုဖြစ်သော ပုသိမ်ထီးအလှဆင် ရောင်းချနေသောဆိုင်များကိုမူ နိုင်ငံခြားသား ခရီးသွားများ စိတ်ဝင်စားစွာဖြင့်လာရောက် လေ့လာ ကြသည်။

ပုသိမ်ထီးအလှဆင်ရောင်းချနေသော ညောင်ဦးမြိ့နယ် တိုက်ကုန်ရပ်ကွက် လမ်းမတော်ပုဂံညောင်ဦးသွားလမ်းပိုင်းဘေးဝဲယာရှိ ပုသိမ်ထီးအလှဆင်ရောင်းချနေသောဆိုင်ရှင် ကိုနိုင်လင်းက ''ကျွန်တော်တို့ ပုဂံညောင်ဦးဒေသဟာရှေဟောင်းအမွေအနှစ်များစွာတည်ရှိတဲ့ မြို့နယ်ဖြစ်တာကြောင့် နေ့စဉ်ုရားဖူးခရီးသွားပြည်သူများ နိုင်ငံခြားသားခရီးသွားများက ပုဂံညောင်ဦးဒေသကို
လာရောက်လေ့လာကြပါတယ်။
လာရောက်တဲ့အခါဒီဒေသထွက် ပစ္စည်းများကိုဝယ်ယူလေ့လာတတ်ကြပါတယ်။ ကျွန်တော်ရောင်းချနေတဲ့ ပုသိမ် ထီးများကိုလည်း လာရောက်လေ့လာကြသူများပါတယ်။ပုသိမ်ထီးလုပ်တဲ့နေရာဒေသဟာပုသိမ်မြို့က ကျွန်တော်အကိုတွေက လုပ်ကိုင်ကြတာ။ ဒီလိုရောင်းတန်းဝင် ပုသိမ်ထီးတွေကို တင်ပို့ပေးပါ တယ်။ ထီးအမျိုးအနေနဲမြန်မာအခေါ်(ဆီထီး)လို့ခေါ်ပါတယ်။
အရိပ်ရထီးလို့လည်း ခေါ်ပါတယ်။ အများအခေါ်အိမ်တော်ရာထီး၊ ပုသိမ်ထီးဖြစ်ပါတယ်။ တင်ပို့ရောင်းချမူ အနေနဲ့ ဒီဒေသက ဧရာဝတီကမ်းခြေနဲ့နီးတယ်လေ။ ဟိုတယ်ဇုန်တွေကလည်းအလှဆင်ထားတဲပုသိမ်ထီးတွေကို လာရောက်ဝယ် ယူတာများပါတယ်။ ပုဂံညောင်ဦးဒေသမှာရှိတဲ့ စားသောက်ဆိုင် ဟိုတယ်မှန်ရင် ပုသိမ်ထီးမရှိတဲ့ ဆိုင်နဲပါးပါတယ်။ ရောင်းဈေးရောင်းအားအနေနဲ့ ပုသိမ်ထီးအသေးအကြီးတစ်လတ်ကို ကျပ် ၃ဝဝဝ က နေ ကျပ် ၇ဝဝဝဝ အထိရှိပြီ ရောင်းအားအကောင်း ဆုံးလဟာ နှစ်စဉ် ၃ လပိုင်းကနေ ၁ဝ လပိုင်းအထိ
ဘုရားဖူးဧည်သည်တွေ၊ နိုင်ငံခြားသား ဧည့်သည် တွေ အများဆုံးလာရောက် လေ့လာကြတော့ ရောင်း အားကောင်းပါတယ်။
အခုလ ဒေါ်လာဈေးက တစ်ဒေါ်လာကို မြန်မာငွေကျပ် ၁၂ဝဝ ကျော်နေတော့ ပုဂံညောင်ဦးမှာရှိတဲ့ မြန်မာ့ရိုးရာပစ္စည်းဆိုင်များ အရောင်းအဝယ်ကောင်းပါတယ်'' ဟု ပြောပြသည်။
Credit To >>>  The Mirror Daily

0 comments:

Post a Comment