17.6.16

EUကနေ ဗြိတိန်ထွက်ခြင်း၊ မထွက်ခြင်းအပေါ်တွင် ကမ္ဘာ့ ရွှေဈေးအတက်အကျ မူတည်နေဟု ဆို

ဥရောပသမဂ္ဂ (Eu) ကနေ ဗြိတိန်နိုင်ငံ ထွက်ရေး၊ ဒါမှမဟုတ် ဆက်
နေရေး နဲ့ပတ်သက်ပြီးတော့ လာမယ့်သီတင်းပတ်ထဲမှာ မဲပေးဆုံးဖြတ်
တော့မှာဖြစ်ပါတယ်။
စစ်တမ်းတွေအရတော့ ဗြိတိန်နိုင်ငံ EU ကနေထွက်ဖို့ဘက်ကိုပဲ မဲပေးဆုံးဖြတ်ဖို့ များနေတယ်လို့ သိရသလို ယင်းအခါမှာ
ရွှေဈေးကလည်း တန်ဖိုးတော်တော်များများ တက်သွားဖို့ရှိတယ်လို့
ရွှေကုန်သည်တွေက ခန့်မှန်းထားကြတယ်လို့ ဆိုပါတယ်။
လာမယ့် ဇွန် ၂၃ ရက် မဲပေးမှုတွေမှာတော့ EU ကနေ ဗြိတိန်ထွက်မယ့်
အစီအစဉ်ဘက်က အောင်မြင်သွားခဲ့မယ်ဆိုရင်တော့ ရွှေဈေးက
နှစ်နှစ်တာအတွင်း အမြင့်ဆုံးနှုန်းထားအထိ တက်သွားဖို့ ရှိတယ်လို့
ဆိုပါတယ်။ အထက်ပါ မဲရလဒ်သာထွက်ပေါ်ခဲ့မယ်ဆိုရင်တော့ ယင်း
သီတင်းပတ်အတွင်းမှာ ကမ္ဘာ့ရွှေဈေးဟာ လက်ရှိ တန်ဖိုးထက် ငါး
ရာခိုင်နှုန်းလောက်တက်ပြီး တစ်အောင်စကို ဒေါ်လာ ၁,၃၅၀ ထိ
ရောက်ရှိနိုင်တယ်လို့ လေ့လာသူတွေနဲ့ စစ်တမ်းဖြေဆိုသူတွေက
ပြောကြားပါတယ်။
တကယ်လို့များ EU မှာ ဗြိတိန်ဆက်နေမယ့်ဘက်က အနိုင်ရမယ်ဆိုရင်
တော့ ကမ္ဘာ့ရွှေဈေးဟာ တစ်အောင်စကို ဒေါ်လာ ၁,၂၅၀ ထိ ၂ ဒသမ
၈ ရာခိုင်နှုန်း ကျဆင်းမယ်လို့ စစ်တမ်းဖြေဆိုသူက ပြောထားပါတယ်။
လက်ရှိအချိန်မှာဆိုရင်လည်း ဗြိတိန်နိုင်ငံရဲ့ အရောင်းရဆုံးသတင်း
စာကြီးဖြစ်တဲ့ The Sun က EU ကနေ ဗြိတိန်ထွက်ရေးဘက်ကို
ယခုတစ်ပတ်ထုတ် မျက်နှာဖုံးမှာ ထောက်ခံဖော်ပြခဲ့ပါတယ်။
" တကယ်လိုများ ဗြိတိန်နိုင်ငံ EUကနေ ထွက်မယ်ဆိုရင် ထွက်တဲ့အချိန်နဲ့
ထွက်ပြီးအချိန်ကာလတွေမှာ အခြေအနေတွေက သေချာရေရာမှုရှိမှာ
မဟုတ်တော့ပါဘူး၊ အဲဒီအခါကျရင်တော့ ဈေးနှုန်းတန်ဖိုးတွေဟာ
ပိုတက်သွားပါလိမ့်မယ်၊ ဒေါ်လာနဲ့ သတ်မှတ်တဲ့ ရွှေဈေးပိုင်းမှာလည်း
ယခုလထဲမှာ ၅ ဒသမ ၇ ရာခိုင်နှုန်းတက်ထားခဲ့တာကိုလည်း တွေ့နိုင်
ပါလိမ့်မယ်" ဆိုပြီး Sharp Pixley ရွှေလုပ်ငန်းရှင်ဆိုင်ရာအဖွဲ့ရဲ့ စီအီးအိုနဲ့
ရွှေလုပ်ငန်းနယ်ပယ်မှာ အနှစ်သုံးဆယ်အတွေ့အကြုံရှိတဲ့ Ross Norman က ပြောပါတယ်။
EU ကနေ ဗြိတိန်ထွက်ရေး၊ ဆက်နေရေး အခြေအတင် ကိစ္စ၊ အမေရိကန်
သမ္မတ မဲဆွယ်ပွဲတွေ၊ ဒေါ်လာတန်ဖိုး အားနည်းတာနဲ့ ဂျပန်နဲ့
ဥရောပဒေသမှာ ဘဏ်အတိုးနှုန်း လျှော့ချထားမှုတွေ စတာတွေက ဆယ်
စုနှစ်အတွင်းမှာ ရွှေဈေးကို ကြီးကြီးမားမား တက်စေခဲ့တဲ့အကြောင်းရင်း
တွေလို့ သိရပါတယ်။
Credit To >>>SFJ Strategy First Journal 

0 comments:

Post a Comment