17.6.16

ဒေါ်အောင်ဆန်းစုကြည်နှင့် NCA လက်မှတ်ထိုးထားသော အဖွဲ့ခေါင်းဆောင်များ ဇွန်လနောက်ဆုံးပတ် တွေ့မည်

ဒေါ်အောင်ဆန်းစုကြည် နှင့် NCA လက်မှတ် ရေးထိုးထား သည့် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့ ခေါင်းဆောင်များ ဇွန် လနောက်ဆုံးပတ်တွင် နေပြည် တော်၌ တွေ့ဆုံမည်ဖြစ်ကြောင်း သတင်းရရှိသည်။

၂၁ ရာစုပင်လုံညီလာခံပူး ပေါင်းဆောင်ရွက်ရေး၊ NCA လက်မှတ် မရေးထိုးထားသည့် အဖွဲ့များပါဝင်လာနိုင်ရေးအပါ အ၀င် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် များနှင့် ပတ်သက်၍ ဆွေးနွေးရန် ဇွန်လ ၂၈ ရက်ခန့်တွင် တွေ့ဆုံ မည်ဖြစ်ကြောင်း တိုင်းရင်းသား ခေါင်းဆောင်များက ပြောသည်။
‘‘အကြမ်းဖျင်းကတော့ နှစ် ဖက်ညှိနှိုင်းနေတာက အဲဒီရက် (ဇွန်လ ၂၈ ရက်)လောက်မှာတွေ့ ဆုံဖို့ ညှိနေပါတယ်’’ဟု ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးအဖွဲ့ ချုပ် (PNLO)ဥက္ကဋ္ဌ ခွန်မြင့်ထွန်း ကပြောသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် မတွေ့ဆုံမီ ကြိုတင်ပြင်ဆင် သည့် အစည်းအဝေးကို  တစ် နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ် စဲရေးသဘောတူစာချုပ် (NCA) ရေးထိုးထားသော အဖွဲ့ခေါင်း ဆောင်များက ဇွန်လ ၂၄ ရက်တွင်ချင်းမိုင်မြို့၌ ပြုလုပ်မည်ဖြစ် သည်။ကြိုတင်ပြင်ဆင်သည့် အ စည်းအဝေးကို ဗိုလ်ချုပ်ကြီး မူ တူးစေးဖိုးအဖွဲ့ခေါင်းဆောင် အ ဖြစ် ဆောင်ရွက်သည့် ငြိမ်းချမ်း ရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST)က ဦးဆောင်ပြုလုပ်မည် ဖြစ်ကြောင်း တိုင်းရင်းသားကိုယ် စားလှယ်များက ပြောသည်။
NCA ကို တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့ရှစ်ဖွဲ့က သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက်တွင် လက်မှတ်ရေးထိုးထားသည်။
Credit To >>> 7 Day Daily

0 comments:

Post a Comment