17.6.16

ကျပ်သိန်း ၂၁ဝ တန်ဖိုးရှိ တရားမဝင်ကျောက်စိမ်း အရိုင်းတုံးတစ်တုံး ဒလမြို့နယ်၌ သိမ်းဆည်းရမိ

ဇွန် ၁၅ ရက်က ဒလမြို့နယ်အတွင်းမှ တရားမဝင်ကျောက်မျက်ရတနာများသယ်ဆောင်လာကြောင်း သတင်းအရ ဒလမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ရဲမြင့်၊ ဒလမြို့မရဲစခန်း စခန်းမှူး ရဲအုပ်သက်နိုင်တို့၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် ဒလမြို့နယ် ကမာကဆစ် ရပ်ကွက် ဒလ-တွံတေး ကားလမ်း နာရီစင်အဝိုင်းအနီးတွင် ရပ်တန့် စောင့်ဆိုင်းနေစဉ် ဒလဘက်မှ တွံတေးဘက်သို့ မောင်းနှင်လာသည့် ယာဉ်မောင်းဦးကျော်ဌေး (၅၁နှစ်) ရေကမ္ဘာကုမ္ပဏီ (တောင်ဒဂုံစက်မှု ဇုန်)မှ ယာဉ်အမှတ် 7D-----ဖူဆို အပြာရောင်ယာဉ်ကို ရပ်တန့်စစ်ဆေးရာ ယာဉ်မောင်းနှင့်အတူ ဦးသီဟကျော် ဒလမြို့နယ်နေသူတို့ အား တွေ့ရှိရပြီး ရှာဖွေစစ်ဆေးရာ ငွေကျပ် သိန်း ၂၁ဝ တန်ဖိုး(အလေး ချိန် နှစ်တန်ခန့်)ရှိ ကျောက်စိမ်းအရိုင်း တုံးတစ်တုံးကို တွေ့ရှိသဖြင့် ယာဉ် နှင့် ကျောက်စိမ်းအရိုင်းတုံးတို့ကို ဒလမြို့မရဲစခန်းသို့ သယ်ယူသိမ်းဆည်းခဲ့ကြောင်း သိရသည်။

အဆိုပါ ကျောက်စိမ်းတုံးနှင့် ပတ်သက်၍ ဦးသီဟကျော်၏ ဖခင် ဦးအောင်စိုး(၄၉ နှစ်)သည် မတ် ၁ဝ ရက်က မန္တလေးမြို့ ရာဇာညီနောင် ကျောက်မျက်ကုမ္ပဏီမှ သိန်း ၂၁ဝ ဖြင့် ဝယ်ယူကာ ဒလမြို့ရှိနေအိမ်သို့ သယ်ဆောင်လာပြီး ဒလမြို့မှ ဘုရင့် နောင်ကားကြီးကွင်းသို့ သယ်ဆောင်စဉ် သိမ်းဆည်းရမိခြင်းဖြစ်သည်။ ၎င်းက မြန်မာ့ကျောက်မျက်ရတနာလုပ်ငန်းမှ ထုတ်ပေးသော လုပ်ငန်းလိုင်စင်၊ ငွေရ ပြေစာ၊ တန်ဖိုးသတ်မှတ်ခြင်းအသေး စိတ်စာရင်း မိတ္တူ၊ သယ်ဆောင်ခွင့် ပြုခြင်းမိတ္တူ၊ ကျောက်စိမ်းအရိုင်း ပို့ဆောင်ခြင်းကိစ္စမိတ္တူ၊ ရတနာခွန် ပေးဆောင်ပြီး ပြန်လည်ထုတ်ပေးခြင်း ပြေစာမိတ္တူစသည့် မိတ္တူများကို ပြသ တင်ပြခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းကျောက်စိမ်းအရိုင်းတုံးနှင့် ပတ်သက်၍ သတ္တုတွင်းဝန်ကြီးဌာန မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်းမှ ထုတ်ပေးထား သည့် လုပ်ငန်းလုပ်ပိုင်ခွင့်နှင့် ပတ်သက်ပြီး မင်းထက်ဦး ကျောက်မျက် ရတနာကုမ္ပဏီမှ ကုမ္ပဏီအစီအစဉ် ဖြင့် ကျောက်စိမ်းအရိုင်းတုံးသယ် ဆောင်ခွင့်စာရွက်စာတမ်းများကို တင်ပြခဲ့သော်လည်း လက်ဝယ်တွေ့ရှိ သူ ဒလမြို့နယ် ကမာကဆစ်ရပ်ကွက် မင်းရဲကျော်စွာလမ်းနေ ဦးအောင်စိုး နှင့် သားဖြစ်သူ ဦးသီဟကျော်တို့အား လက်ဝယ်ထားရှိ/သယ်ဆောင်ခွင့် အထောက်အထား တစ်စုံတစ်ရာပြနိုင် ခြင်း မရှိသဖြင့် ဇွန် ၁၆ ရက်တွင် သတ္တုတွင်းဝန်ကြီးဌာန မြန်မာ့ ကျောက်မျက်ရတနာရောင်းဝယ်ရေး လုပ်ငန်းမှ ကျောက်စိမ်းအရိုင်းတုံးနှင့် ပတ်သက်၍ လာရောက် စစ်ဆေး အတည်ပြုနိုင်ရန် ညှိနှိုင်းဆောင်ရွက် ထားရှိပြီး ဥပဒေအရအရေးယူနိုင်ရေး အတွက် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Credit To >>> The Mirror Daily

0 comments:

Post a Comment