29.6.16

Brexit နောက်ပိုင်း နိုင်ငံရဲ့ ရှေ့ရေးအတွက် အစီအစဉ်တွေ ပြင်ဆင်ရေးဆွဲထားတယ်လို့ ဗြိတိန်ဘဏ္ဍာရေး ၀န်ကြီးပြော


ဥရောပသမဂ္ဂကနေ ထွက်ဖို့ မဲပေးဆုံးဖြတ်ခဲ့ပြီးတဲ့နောက်ပိုင်းဖြစ်လာနိုင်မယ့် အခြေအနေတွေကို ခုခံကိုင်တွယ်
ရင်ဆိုင်နိုင်ဖို့ မိမိတို့နိုင်ငံအနေနဲ့ ပြင်ဆင်ထားပြီးပြီဖြစ်တယ်လို့ ဗြိတိန် ဘဏ္ဍာရေး ၀န်ကြီး George Osborne က
ပြောသွားပါတယ်။
ဇွန်လ ၂၄ ရက်က ဆန္ဒခံယူပွဲရလဒ် ထွက်ပေါ်ခဲ့ပြီးနောက်ပိုင်းဗဟိုဘဏ် ဥက္ကဌ Mark Carney နဲ့ ကောင်းကောင်တွေ့ဆုံဆွေးနွေးထားပြီးပြီလို့ ၎င်းက ပြောသွားပါတယ်။ အလားတူ လိုအပ်ရင် လိုအပ်သလို ထုတ်ဖော်အသုံးပြုနိုင်မယ့် 
အရေးပေါ် အစီအစဉ်တွေလည်း ရေးဆွဲထားပြီးပြီလို့ ဆိုပါတယ်။အလားတူ ၎င်းအနေနဲ့ အခြား ဥရောပဒေသက 
ဘဏ္ဍာရေးပိုင်းဆိုင်ရာ အဖွဲ့အစည်းတွေက တာဝန်ရှိသူတွေ၊ဗဟိုဘဏ် ဥက္ကဌတွေ၊ နိုင်ငံတကာ ငွေကြေး ရန်ပုံငွေအဖွဲ့
(IMF) ရဲ့ အမှုဆောင်အရာရှိ၊ အမေရိကန် ဘဏ္ဍာရေးဝန်ကြီး၊ ဗြိတိန်နိုင်ငံမှာရှိတဲ့ အဓိကကျတဲ့ ဘဏ္ဍာရေး
အဖွဲ့အစည်းတွေက အမှုဆောင်အရာရှိချုပ်တွေနဲ့လည်းပြောဆိုဆွေးနွေးမှုတွေလုပ်ထားပြီးပြီလို့ George 
Osborne က ပြောသွားခဲ့ပါတယ်။
    ဒါပေမယ့်လည်း ၎င်းတို့ရဲ့ အသစ်ဖော်ဆောင်လုပ်ဆောင်တော့မယ့် ဘဏ္ဍာရေးဆိုင်ရာ အစီအစဉ်လုပ်ဆောင်ချက်တွေကိုတော့လာမယ့် ဆောင်းဦးကာလ နိုင်ငံမှာ ၀န်ကြီးချုပ်သစ်တစ်ဦးခန့်အပ်ပြီးစီးမှသာ ထုတ်ဖော်လုပ်ဆောင်မှာဖြစ်တယ်လို့ ၎င်းက ပြောပါတယ်။ဇွန်လ ၂၃ ရက် မဲခွဲမှုမတိုင်ခင်ကတော့ Brexit ကိုမဲပေးဆုံးဖြတ်ခဲ့ပါက အရေးပေါ် ဘက်ဂျက်အသုံးစရိတ်ငွေကြေးတစ်ရပ် နိုင်ငံမှာ လိုအပ်လာမှာဖြစ်ပြီးတော့ ထိခိုက်ဆုံးရှုံးမှုတွေရှိလာနိုင်တယ်လို့တော့ George Osborne ကကြိုတင်သတိပေးထားခဲ့သူဖြစ်ပါတယ်။
Credit To >>> SFJ Strategy First Journal 

0 comments:

Post a Comment