29.6.16

အစိုးရသစ်လက်ထက်မှာ MIC က ပထမဦးဆုံးအကြိမ် ပြည်တွင်း/ပြည်ပရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၈ ခုကို ခွင့်ပြု

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) က ပြည်တွင်းပြည်ပ

ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၈ ခုကို ကော်မရှင် အစည်းအဝေး
( ၁၂/၂၀၁၆) မှ ခွင့်ပြုခဲ့ပါတယ်လို့ သိရပါတယ်။
NLD အစိုးရလက်ထက်မှာ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ကို
အသစ်ပြန်လည်ဖွဲ့စည်းခဲ့ပြီးနောက်မှာ ပထမဦးဆုံး
အကြိမ် အဖြစ် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို
စိစစ်ခွင့်ပြုပေးခဲ့တာ ဖြစ်ပါတယ်။
MIC က ယခုအကြိမ်ခွင့်ပြုခဲ့တဲ့ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း များကနေ
အလုပ်အကိုင်အခွင့်အလမ်း ၈၆၅ ခု ဖန်တီး ပေး
နိုင်ခဲ့ပါတယ်လို့ သိရပါတယ်။
စီအိုတူးဆိုလူးရှင်းကုမ္ပဏီကို နိုင်ငံသား ရင်းနှီးမြှုပ်နှံမှုနဲ့
ရန်ကုန်၊ ဒဂုံဆိပ်ကမ်းမြို့နယ်မှာ အရည်အသွေးမြင့်
သစ်ပါးလွှာနဲ့ အထပ်သားအရွယ်စုံထုတ်လုပ်ရောင်းချခြင်း
လုပ်ငန်းကို ခွင့်ပြုခဲ့ပြီး OYC Asia ကုမ္ပဏီကို နိုင်ငံသား
ရင်းနှီးမြှုပ်နှံမှုနဲ့ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်မှာ CMP
စနစ်နဲ့ အိတ်အမျိုးမျိုးချုပ်လုပ်ခြင်း လုပ်ငန်းကို ခွင့်ပြုခဲ့ပါတယ်။

Sein Myint Mo Tours & Travels ကို နိုင်ငံသား
ရင်းနှီးမြှုပ်နှံမှုနဲ့ ရှမ်းပြည်နယ်၊ ကျိုးတုံမြို့နယ်မှာ B.O.T
စနစ်နဲ့ နိုင်ငံတကာအဆင့်မီဟိုတယ်ဝန်ဆောင်မှု
လုပ်ငန်းအတွက် ခွင့်ပြုခဲ့ပြီး Htun Myat Aung Co.,Ltd
ကို နိုင်ငံသားရင်းနှီးမြှုပ်နှံမှုနဲ့ ရန်ကုန်၊ လှိုင်မြို့နယ်မှာ
အဆင့်မြင့်လူနေအိမ်ခန်း၊ ရုံးခန်းများ ငှားရမ်းရောင်းချခြင်း
လုပ်ငန်းကို ခွင့်ပြုခဲ့ပါတယ်။
Myanmar Fei Long Electric Wire Factory ကို
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနဲ့ ရန်ကုန်၊ လှိုင်သာယာမြို့နယ်မှာ
လျှပ်စစ်ဝါယာကြိုးအမျိုးမျိုး ထုတ်လုပ်ရောင်းချခြင်း
လုပ်ငန်း၊ Myanmar Infochamp Company ကို
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနဲ့ ရွှေလင်ပန်းစက်မှုဇုန်မှာ
ဖိနပ်အစိတ်အပိုင်းအမျိုးမျိုးထုတ်လုပ်ရောင်းခြင်လုပ်ငန်း၊
Eleven-Nation Media Company ကို နိုင်ငံခြား
ရင်းနှီးမြှုပ်နှံမှုနဲ့ အင်္ဂလိပ်ဘာသာသတင်းစာ
ထုတ်ဝေခြင်းလုပ်ငန်း၊ Loscam Myanmar Limited
ကို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနဲ့ ရန်ကုန်၊ ရွှေပြည်သာ
မြို့နယ်မှာ သစ်သားအောက်ခံပြားများနဲ့ ကိရိယာများ
ငှားရမ်းပြုပြင်ထိန်းသိမ်းခြင်းဝန်ဆောင်မှုလုပ်ငန်းတို့ကို
ခွင့်ပြုခဲ့ပါတယ်။
ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုအဆိုပြုလုပ်ငန်းကို
သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ် အစိုးရ ၊
ဝန်ကြီးဌာနများ ရဲ့ သဘောထားမှတ်ချက်များကိုအခြေခံပြီး
MIC က စိစစ်ခွင့်ပြုပေးနေခြင်းဖြစ်ပါတယ်။

Credit To >>> SFJ Strategy First Journal

0 comments:

Post a Comment