13.7.16

တောင်တရုတ်ပင်လယ်အတွင်း ကျွန်းများအရေး နိုင်ငံတကာသမာဓိခုံရုံး ဆုံးဖြတ်ချက်ချမှတ်


တောင်တရုတ်ပင်လယ်အတွင်းရှိ ကျွန်းများအား သမိုင်းကြောင်းအရ ပိုင်ဆိုင်ခွင့်ရှိသည်ဆိုသော တရုတ်နိုင်ငံ၏ ပြောဆိုချက်သည် တရားဥပဒေကြောင်းအရ ယုတ္တိမရှိကြောင်း နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့ရှိ နိုင်ငံတကာ သမာဓိခုံရုံး၏ဆုံးဖြတ်ချက်တွင် ဖော်ပြထားသည်။

တောင်တရုတ်ပင်လယ်အတွင်း တရုတ်တိုင်ပေနှင့် တရုတ်နိုင်ငံတို့က ကနဦးအသုံးပြုခဲ့သော နယ်နိမိတ်စည်းအတွင်း ကျရောက်သည့် ပင်လယ်ပြင်နယ်မြေများနှင့် ပတ်သက်၍ တရုတ်နိုင်ငံက သမိုင်းကြောင်းအရ ပိုင်ခွင့်ရှိသည်ဟု ထုတ်ဖော်ပြောဆိုရန် ဥပဒေအရ ယုတ္တိမရှိကြောင်း အဆိုပါခုံရုံး၏ ဆုံးဖြတ်ချက်တွင် ဖော်ပြသည်။ 
တောင်တရုတ်ပင်လယ်ပြင်အတွင်း တရုတ်နိုင်ငံနှင့် ပိုင်နက်နယ်မြေအငြင်းပွားမှု ဖြစ်ပေါ်ခြင်းနှင့်ပတ်သက်၍ ဖိလစ်ပိုင်နိုင်ငံက ၂ဝ၁၃ ခုနှစ်တွင် နိုင်ငံတကာ သမာဓိ ခုံရုံးသို့ တင်ပြတိုင်တန်းခဲ့သည်။
အဆိုပါအမှုနှင့်ပတ်သက်၍ တရုတ်နိုင်ငံက နိုင်ငံတကာ သမာဓိခုံရုံးနှင့်ပူးပေါင်းဆောင်ရွက်ရန် ငြင်းဆိုခဲ့ပြီး ယင်းခုံရုံးအနေဖြင့် တောင်တရုတ်ပင်လယ်ပြင်ပိုင်နက် နယ်မြေအငြင်းပွားမှုကို အဆုံးအဖြတ်ပေးခွင့်မရှိကြောင်း ပြောကြားခဲ့သည်။ 
Credit To >>> The Mirror Daily

0 comments:

Post a Comment