13.7.16

မြန်မာတွင် အလုပ်လုပ်နေသော နိုင်ငံခြားသား လုပ်သားများကို လေးနှစ် သက်တမ်းရှိ Work permit ထုတ်ပေးရေး ဆိုင်ရာဥပဒေ လွှတ်တော် တင်ရန် နောက်ဆုံးအဆင့်ဆွေးနွေး


 နိုင်ငံခြားသား အလုပ်သမားဥပဒေပြဋ္ဌာန်းပြီး ပါက ရောက် ရှိပြီးနှင့် အသစ်ဝင်ရောက် မည့် နိုင်ငံခြားသား လုပ်သားတို့ကို Work permit ဖြင့် လေးနှစ်သက်တမ်းသာ နေထိုင် အလုပ်လုပ်ခွင့်ပြုတော့ မည် ဖြစ်ကြောင်း သိရသည်။
အဆိုပါဥပဒေကို လွှတ်တော် တင်နိုင်ရေးအတွက် ဇူလိုင် ၁၁ ရက် တွင် ရန်ကုန်မြို့ UMFCCI မှလုပ်ငန်း ရှင်တချို့နှင့် ဥပဒေရေးဆွဲသည့် အ လုပ် သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတို့ နောက် ဆုံးအဆင့် တွေ့ဆုံဆွေးနွေး ခဲ့ကြောင်း သိရသည်။

" ဒီဥပဒေက နဂိုကတည်းက ၀န် ကြီးဌာနတွေရော၊ UMFCCI ကရော လက်ခံပြီးသား ဒီဥပဒေကို။ သို့သော် ပြောင်းလဲလာ တဲ့ နိုင်ငံတော် အစိုးရရဲ့ ပုံစံနဲ့ညီအောင် သူတို့ထပ်ပြီးတော့ ဘာတွေအကြံပြုချင်လဲဆိုတာကို ဒီနေ့ ဆွေးနွေးတာပါ။ အခုပြန်စမယ့် လွှတ် တော်မှာတင်မှာပါ" ဟု အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင် အားဝန်ကြီးဌာန အမြဲတမ်းအတွင်း ၀န်ဦးမျိုးအောင်ကပြောသည်။

အဆိုပါဥပဒေကို ၂၀၀၈ ခုနှစ် ကတည်းက ပြင်ဆင်ခဲ့ခြင်းဖြစ်ကာ ယခင် အစိုးရလက်ထက်တွင်လည်း ပြည်ထောင်စုအစိုးရအထိ အတည် ပြုပြီးသော် လည်း လွှတ်တော်သို့မတင် နိုင်ခဲ့သည့်အတွက် ယခုအစိုးရလက် ထက်တွင် လွှတ်တော်တွင်တင်ပြနိုင် ရန် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း၊ လက်ရှိ တွင် မြန်မာနိုင်ငံအတွင်းရှိ နိုင် ငံခြားသားလုပ်သားများသည် MIC ဥပဒေဖြင့် သာ MIC ၏ စည်းမျဉ်း စည်းကမ်းတို့ဖြင့် ၀င်ရောက်လုပ်ကိုင် လျက်ရှိကြောင်း၊ ယင်းဥပဒေပြဋ္ဌာန်း ပြီးပါက နိုင်ငံခြားသားအလုပ်သမား များ စီမံခန့် ခွဲရေးကော် မတီမှ ထုတ် ပေးသည့် Work permit ဖြင့် ကော်မ တီ၏ခွင့်ပြု ချက်၊ သတ်မှတ်ချက် စည်း ကမ်းများအတိုင်းသာ လိုက်နာဆောင် ရွက်ရ မည်ဖြစ်ကြောင်း အမြဲတမ်းအ တွင်းဝန် ဦးမျိုးအောင်က ဆက်လက် ပြော သည်။

" ဒီဥပဒေအတည်ပြုပြဋ္ဌာန်းပြီး သွားရင် တစ်ဆက်တည်း လေးနှစ် အလုပ်လုပ် ကိုင်ခွင့်ပြုမှာလေ။ ဒီမှာ လေးနှစ်နေပြီးရင်တော့ သူ့နိုင်ငံသူပြန် ပြီးမှပြန် လာပေါ့။ ဒီမှာတော့ သက်တမ်း တိုးခွင့်မပေးဘူး။ အခုကတော့ MIC ဥပဒေနဲ့ပဲ သွားနေတာလေ။ ဒီဥပဒေ ပြဋ္ဌာန်းပြီးရင် အခြားအလုပ်ခေါ်ချင် တဲ့ ပုဂ္ဂလိကကုမ္ပဏီတွေက ဒီဥပဒေ အတိုင်းပဲသွားရမယ်"
ဟု အမြဲ တမ်း အတွင်း ၀န် ဦးမျိုးအောင်က ပြော သည်။

ယခုပြဋ္ဌာန်းမည့် အဆိုပါ ဥပဒေ မူကြမ်းတွင် "ပြည်ထောင်စု သမ္မတ မြန် မာနိုင် ငံ အတွင်းရှိ လုပ်ငန်းတစ်ခု ခုတွင် သက်ဆိုင်ရာ အလုပ်ရှင်နှင့် ချုပ် ဆိုသည့် အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ် အရလည်းကောင်း၊ တည်ဆဲဥပဒေတစ်ရပ်ရပ် အရ လည်း ကောင်း၊ လုပ်ငန်းကျွမ်းကျင်မှုရှိပြီး၊ ကာလကန့်သတ်ခွင့်ပြုချက်ဖြင့် လာ ရောက်အလုပ်လုပ်ကိုင်သူ နိုင်ငံခြား သားကိုဆို လိုကြောင်း အဓိပ္ပာယ်ဖွင့် ဆိုထားပြီး နိုင်ငံပိုင်(သို့)သမ၀ါယမ ပိုင်(သို့)ပုဂ္ဂလိကပိုင်(သို့)ဖက်စပ်လုပ် ငန်းများ၏ စက်ရုံ၊ အလုပ်ရုံ၊ အလုပ် ဌာနများနှင့် ယင်းတို့၏ ထုတ်လုပ်မှု လုပ်ငန်း၊ ပြင်ဆင်မှုလုပ်ငန်း၊ ဆောက် လုပ်ရေးလုပ်ငန်း၊ ပြုပြင်ပြောင်းလဲမှု လုပ်ငန်း၊ စက်မှုလက်မှုလုပ်ငန်း၊ သယ် ယူပို့ဆောင်ရေးလုပ်ငန်း၊ ၀န်ဆောင် မှုလုပ်ငန်းနှင့်၊ အခြားအသက်မွေး ၀မ်း ကျောင်း လုပ်ငန်း တစ်ခုခုကိုဆိုလိုပြီး ယင်းစကားရပ်တို့တွင် အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများနှင့် ဖက်စပ်လုပ် ကိုင်သောလုပ်ငန်း များလည်း ပါဝင် ကြောင်း အဓိပ္ပာယ်ဖွင့်ဆိုထားသည်။

ထိုသို့ နိုင်ငံခြားသားလုပ်သား ခေါ်ယူမှုနှင့်ပတ်သက်၍ UMFCCI တွဲဖက် အတွင်းရေးမှူး(၁) ဦးအေး လွင်က "လက်ရှိဘယ် လုပ်ငန်းတွေ မှာ နိုင်ငံခြားသားလုပ်သား အများဆုံး သုံးစွဲနေလည်းဆိုတော့ အဲ့ဒါပြော တာ ပေါ့။ အလုပ်သမားဝန်ကြီးဌာနက ထုတ်လိုက်တဲ့ဥပဒေ မှာ နိုင်ငံ သား ရော နိုင်ငံခြားသားရောမှတ်ပုံတင်ရ မယ်လို့ဆိုသော်ငြားလည်း မှတ်ပုံတင် တဲ့လုပ်ငန်းတွေ ရှိသ လို မှတ်ပုံမတင် တဲ့လုပ်ငန်းတွေ လည်းရှိမှာပေါ့။ ဘယ် လုပ်ငန်းတွေမှာရှိလည်းတော့မသိ ဘူး။ ဘာလို့လဲ ဆိုရင် ဘယ်သူမှ စာရင်းမပေးဘူးလေ။ ရှိနေတယ်လို့ တော့ကြား တယ်။ ဥပမာအားဖြင့် ဗီ ယက်နမ်ဟိုတယ်ကြီးဆောက်တယ်။ နိုင်ငံခြားသား လုပ်သားတွေ အများကြီး လာလုပ်တယ်လို့ကြားတယ်။ ဘယ်မှာ လဲစာရင်း၊ ၀န်ကြီးဌာနတွေ ကို ပေး မပေးတော့မသိဘူးပေါ့နော်။ ကျွန် တော်တို့ကုန် သည်အသင်းကိုတော့ လာပြီးတော့ စာရင်းပေးတာလည်း မရှိဘူး။ မှတ်ပုံတင်တာ လည်းမရှိ ဘူး" ဟု ပြောသည်။

ယင်းကြောင့် ဥပဒေပေါ်ပေါက် လာမည့်အကျိုးကျေးဇူး သည် နိုင်ငံ ခြားသား အလုပ်သမားများအနေဖြင့် တရားဝင်နေထိုင် အလုပ်လုပ်ကိုင်ခွင့် ရရှိမည်ဖြစ် သလို နိုင်ငံခြားသားလုပ် သားများ၏လုပ်ခပေါ်တွင် နိုင်ငံတော် ကို အခွန်ပေးဆောင် ရမည်ဖြစ် သည့် အတွက် အစိုးရသည်လည်း နိုင်ငံခြား သားလုပ် သားများအပေါ် သတ်မှတ် ထားသောအခွန်အခကို ရရှိမှာဖြစ် ကြောင်း ဦးအေးလွင်က ပြောသည်။

Credit To >>> Democracy Today

0 comments:

Post a Comment