13.7.16

အခြေခံ စိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်း သမဝါယမအသင်း ငါးသင်းအတွက် ဆဋ္ဌမအကြိမ် China Exim Bank ချေးငွေများ ပေးအပ်

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် ဝါးခယ်မမြို့နယ်အတွင်းမှ အခြေခံစိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်း သမဝါယမအသင်း ငါးသင်းအတွက် ဆဋ္ဌမအကြိမ်မြောက် China Exim Bank ချေးငွေပေးအပ်ပွဲကို ရေလိမ်ကျေးရွာ၌ ဇူလိုင် ၁ဝ ရက် နံနက် ၉ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထက်အောင်ဖြိုးက အဖွင့်အမှာစကား
ပြောကြားပြီး မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးမှူး ဒေါ်အေးအေးသက်နှင့် မြို့နယ် သမဝါယမအသင်းစု ဥက္ကဋ္ဌဦးတင်ဝင်းတို့က သမဝါယမလုပ်ငန်းနှင့် စပ်လျဉ်းသည့် လုပ်ငန်းစဉ်များ၊ အသင်းအဆင့်ဆင့်၏ လုပ်ငန်းတာဝန်များ၊ ချေးငွေဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးကြသည်။
နိုင်ငံတော်မှ ကျေးလက်နေ တောင်သူလယ်သမားများ၏ လူမူစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် တောင်သူလယ်သမားများ ကြုံတွေ့နေရသည့် စိုက်ပျိုးစရိတ် လိုအပ်ချက်များကို သမဝါယမနည်းလမ်းဖြင့် ဖြည့်ဆည်းပေးနိုင် ရန် ရည်ရွယ်ကာ ဝါးခယ်မမြို့နယ် ကျွန်းကုန်းတိုက်နယ်မှ မိုးဦးပန်း၊ ခရေပင်၊ ရွှေကြာပင်၊ ပိတောက်ပင်၊ စံပယ်ပင်အခြေခံစိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်း သမဝါယမအသင်း ငါးသင်းမှ အသင်းသား ၃၈၇ ဦးအတွက်ချေးငွေကျပ် ၅၅ဝ ဒသမ ဝ၄ သိန်းအား တာဝန်ရှိသူများက လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။
Credit To >>> The Mirror Daily

0 comments:

Post a Comment