14.7.16

ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် ရန်ကုန်တိုင်းဒေသကြီး ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများအားတွေ့ဆုံ

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်သည် ယမန်နေ့ မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး ကျောက်မျက်ရတနာ လုပ်ငန်းရှင်များ အသင်းမှ ဥက္ကဋ္ဌနှင့် အဖွဲ့အား စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဝန်ကြီးရုံးဧည့်ခန်းမ၌ တွေ့ဆုံသည်။
တွေ့ဆုံပွဲတွင် ရန်ကုန်တိုင်း ဒေသကြီး ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဒေါက်တာ အောင်ကျော်ဝင်းက သဘာဝသယံဇာတကို အခြေခံသည့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုကို အရှိန် အဟုန်မြှင့်တင်နိုင်မည့် စီးပွားရေး မဟာဗျူဟာစာတမ်းကို power point ဖြင့် ရှင်းလင်းတင်ပြပြီး မြန်မာ့ကျောက်မျက် လက်ဝတ်ရတနာ အချောထည် ပစ္စည်းများအတွက် ပြည်ပပို့ကုန်မူဝါဒ ပြဋ္ဌာန်းပေးနိုင်ရန်၊ ကျောက်မျက်အချောထည် ထုတ်လုပ်မှုကို အားပေးသည့် အကောက်ခွန်နှုန်း ထားများ ပြန်လည်သုံးသပ်ရန်၊ နိုင်ငံတကာနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိ သော လွတ်လပ်သည့် ပို့ကုန်/ သွင်းကုန် မူဝါဒများချမှတ်ပေးရန်၊ export processing zone များ အကောင်အထည်ဖော် ဆောင်ရွက် ပေးရန်နှင့် အခြားကြုံတွေ့နေရသည့် အခက်အခဲများကို ဆွေးနွေး တင်ပြသည်။

ဆွေးနွေးတင်ပြချက်များနှင့် စပ်လျဉ်းပြီး ပြည်ထောင်စုဝန်ကြီးက မိမိ ဝန်ကြီးဌာနမှ လက်ရှိကုန်သွယ်မှုဆိုင် ရာ ဖြေလျှော့ဆောင်ရွက်ပေးနေမှု အခြေအနေများနှင့် အခြား သက်ဆိုင်သည့် ဝန်ကြီးဌာနများနှင့် ပူးပေါင်း ဆောင်ရွက်ပေးနိုင်မည့် အခြေအနေများကို ဆွေးနွေးပြော ကြားပြီး အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များက လိုအပ်သည်များကို ဆွေးနွေးတင်ပြကြသည်။
Credit To >>> The Mirror Daily

0 comments:

Post a Comment