14.7.16

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရခိုင်ပြည်နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများအား ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အဖွဲ့ဝင်များနှင့်အတူ ယနေ့နံနက် ပိုင်းတွင် ရခိုင်ပြည်နယ် မြောက်ဦးမြို့သို့ရောက်ရှိပြီး မြောက်ဦးမြို့ရှိ အလိုတော်ပြည့်ဘုန်းတော်ကြီးကျောင်း၌ ရေဘေးသင့်ပြည်သူများအား တွေ့ဆုံအားပေးစကား ပြောကြားသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပ်မတော် (ကြည်း၊ ရေ၊ လေ)မိသားစုများက လှူဒါန်း သည့် ကယ်ဆယ်ရေးပစ္စည်းများအား ထောက်ပံ့ပေးအပ်သည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ကျောက်တော်မြို့ရှိ မဟာမြတ်မုနိဘုရားကြီးတွင် ရေဘေးသင့်ပြည်သူများအား သွားရောက်တွေ့ဆုံအားပေး စကားပြောကြား၍ တပ်မတော် (ကြည်း၊ ရေ၊ လေ)မိသားစု များက လှူဒါန်းသည့် ကယ်ဆယ်ရေးပစ္စည်းများအား ထောက်ပံ့ပေးအပ်သည်။
ယင်းတွေ့ဆုံပွဲများတွင် တပ်မတော်ကာကွယ် ရေးဦးစီးချုပ်က မိမိတို့အနေဖြင့် ဇူလိုင် ၁၂ ရက်က လာရောက်ရန် ကြိုးစားခဲ့သော်လည်း ရာသီဥတု အခြေ အနေအရ ယနေ့မှလာရောက်နိုင်ခြင်းဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်သည် လူဦးရေ သုံးသန်းကျော်ရှိပြီး စပါး အဓိက စိုက်ပျိုးသော နယ်မြေဖြစ်ကြောင်း၊ လူတစ်ဦး တစ်နှစ်လိုအပ်စပါး ၁၅ တင်းနှုန်းဖြင့် တွက်ချက်ပါက တစ်ဧက အထွက်နှုန်းတင်း ၁ဝဝ ဖြင့် စပါးစိုက်ဧက လေး သိန်းခွဲခန့်စိုက်ပျိုးမှသာ စားရေးအတွက်စိတ်ချရပြီး ဖူလုံမှု ရှိနိုင်ကြောင်း၊ မိုးတွင်းကာလ ရေကြီးရေလျှံမှုများ ဖြစ်ပေါ် လာပါက စပါးများ ပျက်စီးဆုံးရှုံးမှုများဖြစ်နိုင်သဖြင့် နွေစပါးစိုက်ပျိုးရေးကို အလေးထားလုပ်ဆောင်ရန် လိုအပ် ကြောင်း၊ တပ်မတော်အနေဖြင့်လည်း တတ်နိုင်သရွေ့ ကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။ 
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် မဟာမြတ်မုနိဘုရားကြီးအား သွားရောက်ဖူးမြော် ကြည်ညိုသည်။ 
ထို့အတူ နံနက်ပိုင်းကလည်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် ကျောက်တော်တပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများအား တပ်နယ်အားကစားခန်းမ၌ တွေ့ဆုံခဲ့ ကြောင်း သတင်းရရှိသည်။

Credit To >>> The Mirror Daily

0 comments:

Post a Comment