6.7.16

NRPC ကို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မည်

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ကို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

ယခင်မြန်မာငြိမ်းချမ်းရေးနှင့် ပြန်လည်ထူထောင်ရေးဗဟိုဌာန (MPC) ကို NRPC အဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မည် ဖြစ်သည်။NRPC ဖွဲ့စည်းခြင်းနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတက အ မိန့် ကြေညာစာကို မကြာမီ ထုတ် ပြန်မည်ဖြစ်ကြောင်းသမ္မတရုံးဝန် ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒု ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး က ဇူလိုင် ၅ ရက်တွင် ပြုလုပ်ခဲ့ သည့် ပင်လုံအကြိုပြင်ဆင်ရေး ကော်မတီ အစည်းအဝေးအပြီး၌ ပြောကြားသည်။
‘‘နောက်တစ်ချက်ကတော့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ပြောတာကတော့ NRPC ဖွဲ့စည်း ထားတဲ့ဟာကို အကြမ်းဖျင်းရှင်းပြ တယ်။ အဲဒါကလည်း မကြာခင် အမိန့်ကြော်ငြာစာထုတ်မယ်။ သမ္မတက လက်မှတ်ထိုးပြီးတော့ ထုတ်မယ်။ ဒါပေမဲ့ NRPC က ဒေါ်အောင်ဆန်းစုကြည်ဦးဆောင် မယ်။ ကျန်တာက တပ်မတော်  ပိုင်း၊ အစိုးရပိုင်း၊ လွှတ်တော်ပိုင်း ပါမယ်။ ဒါကတော့ ကျွန်တော်တို့ NRPC ရဲ့ သဘောက ငြိမ်းချမ်း  ရေးတစ်ခုတည်းတင်မဟုတ်ဘူး။ အမျိုးသားပြန်လည်သင့်မြတ်ရေး ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ပြန် လည်သင့်မြတ်ရေးဆောင်ရွက် ချက်၊ ဥပမာ- ရခိုင်ကိစ္စလိုဟာ မျိုးလည်း ဒီစင်တာက ကိုင်တွယ် သွားမယ်။ ဟိုဘက်မှာ ဒေါက် တာတင်မျိုးဝင်း ဦးဆောင်တဲ့ ငြိမ်းချမ်းရေးကို တာဝန်ယူနေ ရတဲ့ဟာကလည်း NRPCအောက် မှာ ဒီအစိတ်အပိုင်းတစ်ရပ်အနေနဲ့ ထားမယ်’’ဟု ဦးဇော်ဌေးကဆို သည်။
ဒေါ်အောင်ဆန်းစုကြည် ဦး ဆောင်မည့် NRPC သည် ငြိမ်း ချမ်းရေးလုပ်ငန်းစဉ်အပြင် ရခိုင် ပြဿနာကဲ့သို့ ကိစ္စများကိုလည်း ဖြေရှင်းဆောင်ရွက်မည်ဖြစ်သည်။
MPC သည် ယခင်အစိုးရ လက်ထက်က ပြည်တွင်းငြိမ်းချမ်း ရေးလုပ်ငန်းစဉ်တွင် သမ္မတ၏အ  လုပ်အဖွဲ့အနေဖြင့် အဓိကပါဝင် ဆောင်ရွက်ခဲ့သည့် အဖွဲ့အစည်း ဖြစ်သည်။
‘‘ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံမစတင်ခင်မှာ ဒေသကို အခြေခံတဲ့ အမျိုးသားအဆင့်နိုင်ငံ ရေးဆွေးနွေးပွဲ၊ နောက်လူမျိုးကို အခြေခံတဲ့ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ၊ နောက် အ ကြောင်းအရာကို အခြေခံတဲ့နိုင်ငံ ရေးဆွေးနွေးပွဲကို ဘယ်လိုလုပ် မလဲ။ နိုင်ငံရေးတွေလုပ်ရင် ပိုက် ဆံလိုမယ်။ ဒီဟာတွေကို ဘယ်လို လုပ်မလဲ။ နိုင်ငံတကာအကူအညီ တွေ ထောက်ပံ့မှုနဲ့ ပတ်သက်ပြီး တော့ ဒေါ်အောင်ဆန်းစုကြည်က တော့ မူဝါဒချပေးမယ်။ ဘာလဲဆို တော့ ကျွန်တော်တို့အသစ်ဖွဲ့စည်း မည့် NRPC ကနေပြီးတော့ ဒါ တွေကို ကိုင်တွယ်သွားမယ်ပေါ့’’ ဟု ဦးဇော်ဌေးကဆက်လက်ပြော ကြားသည်။
Credit To >>> 7 Day Daily

0 comments:

Post a Comment